Tuesday, August 19, 2014

ပါကစ္စတန် အတိုက်ခံပါတီ အမတ်အားလုံး ပါလီမန်ကနေ နုတ်ထွက်


ခရစ်ကက်ကစားသမားဟောင်း ​အခုပါကစ္စတန် ​အတိုက်အခံခေါင်းဆောင် ​Imran ​Khan ​ရဲ့ ​ပါတီက ​အမတ်နေရာအားလုံးကို ​ပါလီမန်က ​နုတ်ထွက်ပြီး ​၀န်ကြီးချုပ် ​Nawaz ​Sharif ​ကို ​ဖိအားပေးဖို့ ​ဆုံးဖြတ် လိုက်ပါတယ်။

ပြီးခဲ့တဲ့ ​သီတင်းပတ် ​သောကြာနေ့ ​ကတည်း ​ဆန္ဒပြလူအုပ်ကြီးဟာ ​မြို့တော် ​Islamabad ​ကို ​ရောက်ရှိနေ ​ခဲ့ကြပြီး ​သူတို့ကို ​ဦးဆောင် ​သွားမယ်လို့ ​Imran ​Khan ​ကဆိုပါတယ်။

ပြီးခဲ့တဲ့ ​နှစ်ရွေးကောက်ပွဲမှာ ​မဲမသမာမှုတွေနဲ့ ​အနိုင်ရခဲ့တဲ့ ​လက်ရှိ ​၀န်ကြီးချုပ် ​ရာထူးကနေ ​မဖယ်ပေး ​မချင်း ​ဆက်လက် ​ဆန္ဒပြသွား ​မယ်လို့ ​ဆိုပါတယ်။

ပါကစ္စတန်ပါလီမန် ​နဲ့ ​အစိုးရ ​အဆောက်အဦးတွေ​ရှိတဲ့ ​အဓိက ​နေရာတွေမှာ ​ရဲ ​နဲ့ ​လုံခြုံရေးတပ် ​၃ ​သောင်းလောက် ​တပ်ချထားပြီး ​အဲဒီနေရာတွေကို ​ဆန္ဒပြသူတွေ ​မ၀င်နိုင်အောင် ​သင်္ဘောကွန်တင်နာ ​တွေ ​သံဆူးကြိုးတွေနဲ့ ​ကာရံထားပြီး ​အချိန်မရွေး ​ရုန်းရင်းဆန်ခတ်မှုတွေ ​ဖြစ်နိုင်တဲ့အတွက် ​ဒီအထူးနေရာတွေကို ​မ၀င်ရောက်ဖို့ ​အစိုးရက ​အတိုက်အခံခေါင်းဆောင်ကို ​အတန်တန် ​သတိပေးထားတယ်လို့ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List