Wednesday, August 20, 2014

သြစီဝန်ကြီးချုပ်နဲ့ တွေ့ဖို့ ဗစ်တိုးရီးယားပြည်နယ် အစ္စလာမ်မစ်ကောင်စီ ဖျက်သိမ်း


သြစတြေးလျနိုင်ငံ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ဟာ ​ဒီကနေ့မှာ ​ဗစ်တိုးရီးယား ပြည်နယ် ​အစ္စလာမ်မစ် ကောင်စီလူကြီးတွေနဲ့ ​တွေ့ဆုံဖို့ရှိပေမယ့် ​ဝန်ကြီးချုပ်နဲ့ ​မတွေ့ဆုံဖို့ ​ဆုံးဖြတ်လိုက်ကြပါတယ်။ ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ရဲ့ ​ပြောဆိုမှုတွေဟာ ​အကြောင်းအရာ ​တစ်ခုကို ​ဂဃနဏ ​မသိပဲ ​ပြောဆိုမှုတွေ ​ဖြစ်သလို၊ ​မီးလောင်ရာလေပင့်တဲ့ ​ပြောဆိုမှုတွေ ​လုပ်တဲ့အတွက် ​ဝန်ကြီးချုပ်နဲ့ ​မတွေ့ဖို့ ​ဆုံးဖြတ်ရတာဖြစ်တယ်လို့ ​အစ္စလာမ်မစ် ကောင်စီအဖွဲ့က ​ပြောပါတယ်။

ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ဟာ ​မနေ့တုန်းကပဲ ​နယူးဆောက်သ်ဝေးလ်ပြည် နယ် ​အစ္စလာမ်မစ်ကောင်စီနဲ့ ​တွေ့ဆုံခဲ့ပြီး ​ဒီကနေ့ ​မဲလ်ဘုန်းမြို့က ​အစ္စလာမ်မစ်ကောင်စီနဲ့ ​တွေ့ဆုံဖို့ ​စီစဉ်ခဲ့ရာက ​ဖျက်သိမ်းလိုက်ရတာ ​ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှု ​မတိုင်ခင်မှာ ​ဝန်ကြီးချုပ်က ​အစ္စလာမ်မစ် ​ခေါင်းဆောင်တွေအနေနဲ့ ​အစွန်းရောက်အယူဝါဒကို ​ဆန့်ကျင်ကြောင်း ​ဟောပြောမှုတွေလုပ်ဖို့နဲ့ ​သြစတြေးလျနိုင်ငံမှာ ​နေထိုင်ရင် ​သြစတြေးလျစိတ်ဓာတ် ​မွေးမြူရမှာဖြစ်ပြီး ​အဲလို ​မလုပ်နိုင်ရင်တော့ ​သြစတြေးလျနိုင်ငံကနေ ​ထွက်ခွာဖို့ ​ပြောဆိုခဲ့တဲ့ အပေါ် ​မွတ်စလင်ခေါင်းဆောင်တွေက ​မကျေနပ် ​ကြတာ ​ဖြစ်ပါတယ်။

မွတ်စလင်ခေါင်းဆောင်တွေအနေနဲ့ ​အစွန်းရောက်ဝါဒီတွေ ​မကိုင်စွဲဖို့ကိစ္စကို ဘာသာရေးခေါင်းဆောင် တွေက ​အမြဲတမ်းသွန်သင်ဆုံးမသလို ​သြစတြေးလျ နိုင်ငံမှာ ​နေထိုင်တဲ့ ​မွတ်စလင် ​တစ်ဝက်ဟာ ​သြစတြေး လျနိုင်ငံမှာ ​မွေးဖွားကြီးပြင်းသူတွေ ​ဖြစ်ကြတယ်လို့ ​အစ္စလာမ်မစ်ကောင်စီက ​တုန့်ပြန်ထားပါတယ်။

သြစတြေးလျဝန်ကြီးချုပ်က ​မွတ်စလင်တွေနဲ့ ​အမှန်တကယ် ​ဆွေးနွေးမှု ​လုပ်မယ်ဆိုရင် ​အမြဲတမ်းကြိုဆို မှာဖြစ်ပြီး ​ဘယ်ပုံ ​ဘယ်နည်းနဲ့ ​ပူးပေါင်း လုပ်ဆောင်မလဲ ​ဆိုတာမျိုး ​ဖြစ်သင့်တဲ့အကြောင်း၊ ​သြစတြေးလျက ​အကြမ်းဖက်မှုအပေါ် ​စိုးရိမ်သလို ​သူတို့ကလည်း ​စိုးရိမ်တဲ့အကြောင်း၊ ​အဲဒီပြဿနာကို ​ဘယ်လို ​ပူးပေါင်းဖြေ ရှင်းမလဲဆိုတာမျိုး ​တိုင်ပင်တာက ​ပိုပြီး ​ထိရောက်မယ်လို့ ​အစ္စလာမ်မစ်ကောင်စီက ​ပြောပါတယ်။

သြစတြေးလျက ​အဲဒီလို ​မဟုတ်ပဲ ​သူတို့ ​လုပ်ဆောင်စရာရှိတာကို ​ဆုံးဖြတ်ပြီးသားဖြစ်ပြီး ​အဲဒီဆုံးဖြတ် ချက်ကို ​အစ္စလာမ်ဘာသာခေါင်းဆောင်တွေ ​သဘောတူပါတယ်ဆိုတဲ့ ​နာမည်ကောင်းရအောင် ​မွတ်စလင် အကြီးအကဲတွေနဲ့ ​တွေ့ဆုံခြင်းသာ ​ဖြစ်တဲ့အတွက် ​ဝန်ကြီးချုပ်နဲ့ ​မတွေ့ဆုံလိုတာ ​ဖြစ်တယ်လို့လည်း ​ပြော ပါတယ်။

သြစတြေးလျနိုင်ငံသား ​တချို့ဟာ ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံ ​ပဋိပက္ခတွေမှာ ​အကြမ်းဖက်အဖွဲ့နဲ့ ​ပူးပေါင်း မှုတွေရှိတယ်ဆိုတဲ့ ​ပြောဆိုမှုတွေကြောင့် ​ဝန်ကြီးချုပ်က ​မွတ်စလင်ခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံဖို့ ​ကြိုးစားတာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List