Friday, August 22, 2014

ထိုင်းကြက်ခြေနီ အဖွဲ့အတွက် ဝန်ကြီးချုပ်ဟောင်းအဖိဇစ် ရေခဲရေ အလောင်းခံ၍ ရန်ပုံငွေရှာ



ထိုင်းကြက်ခြေနီ အဖွဲ့အား အလှူငွေရှာပေးရန်အတွက် ထိုင်းနိုင်ငံ ကရွန်စီဘဏ် စားသုံးသူများက ထိုင်း ဝန်ကြီး ချုပ်ဟောင်း မစ္စတာ အဖိဇစ်ဝေ့ချာချီဝအား လက်ရှိ၌ ကမ္ဘာတလွှားတွင် ရေပန်းစားနေသည့် ရေခဲရေ လောင်း၍ အလှူငွေရှာခြင်း ပြုလုပ်ရန် စိန်ခေါ်ခဲ့မှုအား မစ္စတာ အဖိဇစ်မှ လက်ခံခဲ့လိုက်သည်။

ထိုသို့ မစ္စတာ အဖိဇစ် ရေခဲရေ လောင်းခြင်း စိန်ခေါ်မှုကို လက်ခံသည့်အနေဖြင့် ကရွန်စီဘဏ် စားသုံးသူ များ အသင်းမှ ဘတ်ငွ ၅ သိန်းအား ထိုင်းကြက်ခြေနီ အဖွဲ့သို့ ပေးအပ်မည် ဖြစ်ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၂ ရက် ထိုင်းစံတော်ချိန် မွန်းလွဲ ၂ နာရီ၌ မစ္စတာ အဖိဇစ်အား ထိုင်းကြက်ခြေနီရုံး၌ စိန်ခေါ်သူ ကရွန်းစီ ဘဏ်စားသုံးသူ မိသားစုများမှ ရေခဲရေလောင်းသည့် အခမ်းအနား ပြုလုပ်သွားမည် ဖြစ်သည်။

မစ္စတာ အဖိဇစ် ဝေ့ချာ ချီဝသည် ထိုင်းနိုင်ငံ၏ ၂၇ ယောက်မြောက် ဝန်ကြီးချုပ်ဟောင်း တစ်ဦး ဖြစ်သလို ထိုင်း ဒီမိုကရက်ပါတီ ပရချာဓိပါဒ် ပါတီ၏ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ကာ ရုပ်/ရှင် မင်းသားဟောင်း တစ်ဦးလည်း ဖြစ်၍ ပုဂ္ဂိုလ်ရေးအရ လူကြိုက်များသူ တစ်ဦး ဖြစ်သည်။

လက်ရှိ၌ ကမ္ဘာ့ဖက်ရှင်တစ်ခု ဖြစ်လာသည့် Ice Bucking ဖြင့် ရန်ပုံငွေ ရှာခြင်းသည် ထိုင်းနိုင်ငံ၌ ခေတ်စားလျက်ရှိကာ ထိုင်းအမျိုးသမီး ဘော်လီဘော အဖွဲ့၊ အမျိုးသမီး ဘောလုံးအဖွဲ့ နှင့် တစ်သီးပုဂ္ဂလ ကျော်ကြားသည့် ပုဂ္ဂိုလ်များမှ ရေခဲရေ အလောင်းခံကာ ပရဟိတ ကွန်ယက်များအတွက် ရန်ပုံငွေ ရှာပေး လျက် ရှိနေပါသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List