Tuesday, August 19, 2014

နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် လွှတ်တော်တင်မည်


လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သည့် ဒေါက်တာ ဒေါ်မေ၀င်းမြင့်က နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက်နှင့် အဓိပ်္ပာယ်ကို လွှတ်တော်တွင် တင်သွင်း အတည်ပြုသွားမည်ဟု ဆိုသည်။ 

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဓမ္မပီယကျောင်းတိုက်တွင်ပြုလုပ်သည့် အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ပြီး ယင်းကို လွှတ်တော်သို့တင်ပြ ဆွေးနွေးပေးမည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သူ ဒေါ်မေ၀င်းမြင့်က ပြောသည်။

ဒေါ်မေ၀င်းမြင့်က “နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ် အကြမ်းဖျင်းရလာပါပြီ၊ ဒါကို ဥပဒေကြောင်းအရ ပြင်ဆင်ပြီးတော့ ဒါကို လွှတ်တော်ကို တင်ပြမှာပါ” ဟု ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်များအတွင်း မြန်မာ့အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟူသည့် အသုံးအနှုန်းကို အစိုးရက လက်မခံခဲ့ဘဲ ယုံကြည်ချက်ကြောင့်အကျဉ်းကျ ခံနေရသူများဟုသာ သုံးနှုန်းခဲ့သည်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ထောင်နှင့်ချီသည့် နိုင်ငံရေးအကျဉ်း သားများကို ၁၀ ကြိမ်နီးပါး လွှတ်ပေးခဲ့သည်။ သို့သော် တက်ကြွလှုပ်ရှားသူများ၊ လယ်သိမ်းမှုများကြောင့် ဆန္ဒပြခဲ့ကြသည့် တောင်သူ လယ်သမားများမှာ တရားရင်ဆိုင်နေရဆဲဖြစ်ပြီး အချို့မှာလည်း အကျဉ်းကျခံနေရသည်။ အလားတူပင် စာနယ်ဇင်းသမားများလည်း ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List