Friday, August 22, 2014

ရွေးကောက်ပွဲမှာ Joko Widodo အနိုင်ရကြောင်း အင်ဒိုတရားရုံး အတည်ပြု


အင်ဒိုနီးရှားနိုင်ငံရဲ့ ​ပြီးခဲ့တဲ့ ​ဇူလိုင်လရွေးကောက်ပွဲရလဒ်ကို ​ဖွဲ့စည်းပုံ တရားရုံးက အတည်ပြုပေးလိုက်တာ ကြောင့် ​ရှုံးနိမ့်သွားတဲ့ ​သမ္မတလောင်း ​Prabowo ​Subianto ​အတွက် ​နောက်ထပ် ​အရေးနိမ့်မှုတခု ​ဖြစ်ခဲ့ပါ တယ်။

တရားရုံး ​အပြင်ဖက်မှာ ​Subianto ​ကို ​ထောက်ခံတဲ့ ​ဆန္ဒပြ ​လူအုပ်ကြီးကို ​ရဲက ​မျက်ရည် ​ယိုဗုံးတွေနဲ့ ​လူစုခွဲ ခဲ့ကြပါတယ်။

ဂျာကာတာ ​မြို့တော်ဝန် ​ဖြစ်ခဲ့တဲ့ ​Joko ​Widodo ​ဟာ ​သမ္မတ ​နေရာရဖို့ ​မဲမသမာ ​မှုတွေလုပ် ​ခဲ့တယ်ဆိုတဲ့ ​Subiato ​ရဲ့ ​စွပ်စွဲချက်ကို ​တရားရုံးက ​ပယ်ချလိုက်ပြီး ​ရွေးကောက်ပွဲ ​ရလဒ်ကို ​အတည်ပြုပေး ​လိုက်ပါတယ်။

တရားရုံးရဲ့ ​ဖြေရှင်းချက်ကို ​Subiato ​ရဲ့ ​ပါတီက ​လက်ခံလိုက်ပြီး ​ရွေးကောက်ခံ သမ္မတ ​Joko ​Widodo ​က ​နိုင်ငံအနေနဲ့ ​ရှေ့ဆက်ဖို့ ​အချိန်တန်ပြီလို့ ​ပြောလိုက် ပါတယ်။

ABC

No comments:

Post a Comment

My Blog List