Friday, August 22, 2014

မကောင်းသည့် ဘော့စ်ကြောင့် တစ်ဖွဲ့လုံး ဆိုးသွားနိုင်




မိမိဝန်ထမ်းများကို အော်ဟစ်ငေါက်ငမ်းခြင်းနှင့် သိမ်ငယ်စေသည့် အီးမေးလ်များ ပေးပို့ခြင်းတို့ ပြုလုပ်သော အထက် အရာရှိ (သို့မဟုတ်) အလုပ်ရှင် ဘော့စ်များကြောင့် လုပ်ငန်းခွင်တစ်ဖွဲ့လုံးကို သဘောထား ကွဲလွဲခြင်း၊ ပဋိပက္ခတို့ ဖြစ်ပေါ်စေနိုင်သည် ဟု သုတေသီများက ပြောကြားခဲ့သည်။ 
အော်ဟစ်ဆဲဆိုခြင်းက အဆိပ်သင့်သကဲ့သို့ ပျံ့နှံ့စေသည်ဟု ဆိုသည်။

ဘော့စ်တစ်ဦး၏ ကိုယ်ထိလက်ရောက်မဟုတ်သော ဆဲဆိုကြိမ်းမောင်းမှု့၏ အဆိပ်သင့် အကျိုးသက်ရောက်မှုသည် ယခင်က ယုံကြည်ခဲ့ကြသည်ထက် များစွာ ကျယ်ပြန့်သည်ဟု တရုတ်နှင့် အမေရိကန်တွင် ပြုလုပ်ခဲ့သည့် မီချီဂန်ပြည်နယ် တက္ကသိုလ်၏ လေ့လာမှုတွင် ဖော်ပြထားသည်။

လေ့လာမှုအတွက် Farh ဖာနှင့် Western Australia က တက္ကသိုလ်မှ Zhijun Chen တို့သည် တရုတ်ရှိ ကုမ္ပဏီဆယ်ခုမှ ၀န်ထမ်းအဖွဲ့ ၅၁ ဖွဲ့ကို လေ့လာခဲ့ကြသည်။

Ref :Mail Online
Yangon Media Group

No comments:

Post a Comment

My Blog List