Friday, August 22, 2014

အမေရိကန် သမ္မတ ၏ ထုတ်ပြန် ကြေညာချက်


လူတိုင်းအတွက် မင်္ဂလာ နေ့လည်ခင်းပါ၊ ယနေ့သည် အိုင်အက်စ်အိုင် အယ်လ် အကြမ်းဖက် အဖွဲ့ က ဂျင်မ် ဖေါ်လေကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခဲ့ခြင်း ကြောင့် တကမ္ဘာလုံးက အထူးစိတ်ပျက် ခဲ့ရ သည်။

ဂျင်မ် သည် သတင်းစာသမားတစ်ဦး၊ သားတစ်ဦး၊ ညီအစ်ကိုတစ်ဦး နှင့် မိတ်ဆွေတစ်ဦး ဖြစ်သည်။ သူသည် ခက်ခဲ၍ အန္တရာယ်များသောနေရာများမှနေ၍ သတင်းများ ပေးပို့ခဲ့သည်။ ကမ္ဘာ၏ အဝေး တစ်နေရာတွင်ရှိသော ပြည်သူများ၏ ဘဝများအတွက် မျက်မြင်သက်သေတစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က သူ့ကို ဆီးရီးယား နိုင်ငံအတွင်း ဓါးစာခံတစ်ဦး အဖြစ်ဖမ်းဆီးပြန်ပေးဆွဲခဲ့ သည်။ ထိုအချိန်က သူသည် ယင်းနေရာတွင် ဖြစ်ပွားနေသောပဋိပက္ခကို သတ္တိရှိစွာဖြင့် သတင်းပေးပို့ နေခဲ့သည်။

တကမ္ဘာလုံး၏ သိစိတ်ကို တုန်လှုပ်စေခဲ့သော ထိုအကြမ်းဖက်လုပ်ရပ်တစ်ခုက ဂျင်မ်ကို ကျွန်တော်တို့ထံမှ ယူဆောင်သွားစေခဲ့သည်။ သူသည် အသက် လေးဆယ်ရှိ ပြီး မွေးချင်းငါးယောက်ထဲမှ တစ်ဦး ဖြစ်သည်။

သူ၏ ပြန်လည်လွတ်မြောက်ရေး အတွက် မမောနိုင်မပန်းနိုင် ကြိုးစား အားထုတ်ခဲ့ကြသော မိခင်တစ်ဦး နှင့် ဖခင်တစ်ဦးတို့၏ သားလည်း ဖြစ်သည်။ ယနေ့ မနက်ပိုင်းတွင် ဖေါ်လေမိသားစုများကို ကျွန်တော် စကားပြောဆိုခဲ့ပြီး သူတို့၏ ဆုံရှုံးမှုအတွက် ကျွန်တော်တို့အားလုံး ဝမ်းနည်းကြေကွဲ ရကြောင်းကို သူတို့အား အသိပေးခဲ့သည်။ ဂျင်မ် နှင့် သူလုပ်ဆောင်ခဲ့သော အရာအားလုံး အတွက် ဂုဏ်ပြုရာတွင် သူတို့နှင့် အတူ ပူးပေါင်းပါဝင်ခဲ့သည်။

အိုင်အက်စ်အိုင်အယ်လ် အကြောင်း ရှင်းလင်းပါရစေ။ သူတို့သည် မြို့တော်များ နှင့် ကျေးရွာများတလျှောက် ရမ်းကားခဲ့ကြသည်။အပြစ်ကင်းမဲ့သော၊ လက်နက်တပ်ဆင်မထားသော အရပ်သားများကို သူရဲဘော ကြောင်သော အကြမ်းဖက်လုပ်ဆောင်ချက်များအတွင်းသတ်ဖြတ် ခဲ့ကြသည်။

သူတို့သည် အမျိုးသမီးများ နှင့် ကလေးငယ်များကို အဓမ္မခေါ်ဆောင်ကာ သူတို့ကို ညှင်းပန်းနှိပ်စက်၊ မုဒိန်းကျင့်၊ ကျွန်ပြုခဲ့ကြသည်။ သူတို့သည်ဆွန်နီ နှင့် ရှီးယား မွတ်ဆလင် ထောင်ပေါင်းများစွာကို သတ်ဖြတ် ခဲ့ကြသည်။ သူတို့သည် ခရစ်ယာန်များ နှင့် ဘာသာရေးလူနည်းစုများကို သူတို့၏နေအိမ် များမှ မောင်းထုတ်ခဲ့ကြသည်။

ကွဲပြားခြားနားသော ဘာသာတရားတစ်ခုကို ကျင့်သုံးနေသည်မှလွဲ၍ အခြားအကြောင်းတရား မရှိဘဲလျက် သူတို့ကို သတ်ဖြတ်ခဲ့ကြသည်။သူတို့သည် ရှေးဟောင်းလူမျိုးတစ်မျိုးကို မျိုးဖြုတ်သတ်ဖြတ်ရန် သူတို့၏ ရည်မှန်းချက်ကို ကြေညာခဲ့သည်။

The Myanmar Age

No comments:

Post a Comment

My Blog List