Tuesday, August 19, 2014

ယူဂန်ဒါတွင် အီဘိုလာရောဂါ သတိပေးမှု တိုးမြှင့်


ကင်ညာနိုင်ငံဟာ အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုအတွက် ဘေးအန္တရာယ်မြင့် မားတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက အရင်အပတ် သြဂုတ် ၁၃ ရက်နေ့က သတ်မှတ်ခဲ့လို့ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံမှာ အီဘိုလာတပ်လှန့်မှု တိုးမြှင့်ထားပါတယ်။

ပြည်သူတွေကို အီဘိုလာအကြောင်း တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး သတိပေးဖို့ ဒေသ ခံဆေးရုံတွေ မှာ နံရံကပ်ကားချပ်တွေကို ချိတ်ဆွဲထားပြီး ကျန်းမာရေး လုပ်သားတွေကတော့ လက်ကမ်း စာစောင်တွေကို နေရာတိုင်းက ဈေးတွေ၊ ရွာတွေ၊ ကျောင်းတွေနဲ့ ဆေးခန်းတွေမှာ ဝေပေးခဲ့ပြီးပါပြီ။

လူတိုင်း ဖတ်နိုင်အောင် တိုင်းရင်းဘာသာစကားနဲ့ရော အင်္ဂလိပ်လိုပါ ရေးသားဖြန့်ချိတာ ဖြစ်ကြောင်း ယူဂန်ဒါမြို့တော် ကမ်ပါလာက ဆေးရုံသူနာပြု နဘူကီးရာက ပြောပါတယ်။

ယူဂန်ဒါနိုင်ငံဟာ ၂၀၀၀ ပြည့်နှစ်က အီဘိုလာရောဂါ ကူးစက်ခံရဖူးပြီး ကူးစက်ခံလူနာ ၄၂၅ ယောက်မှာ ၂၂၄ ယောက် သေဆုံးခဲ့ပါတယ်။

ယူဂန်ဒါကျန်းမာရေးဝန်ကြီးဌာန အရာရှိ အန်ထော်နီ ဘိုညီကတော့ “အပတ်စဉ် လူထုကို သတိပေးပြီး အနောက်အာဖရိကမှာ အီဘိုလာရဲ့ နောက်ဆုံးအခြေ အနေကို အမြဲ ရှင်းပြတယ်။ ဖျားနာသူ သွေးထွက်မှု ရှိရင် အနီးဆုံး ကျန်းမာရေးဌာနကို အကြောင်းကြားဖို့နဲ့ လူတွေ နိုးကြားဖို့ တပ်လှန့်ထားတယ်”လို့ ပြောပါတယ်။

ဒေသခံအာဏာပိုင်တွေကလည်း နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက် ခရီးသည်တွေကို စစ်ဆေးမှုတွေ စတင်နေပြီး ယူဂန်ဒါနိုင်ငံကို မရောက်ခင် ၂၁ ရက်အတွင်း ကျန်းမာရေးအခြေအနေကို မေးပါတယ်။

ဒဗလျူအိတ်ခ်ျအိုရဲ့ သြဂုတ် ၁၃ ရက်နေ့ နောက်ဆုံးစာရင်းအင်းအရ လတ်တလော အီဘိုလာကူးစက် မှုကြောင့် သေဆုံးသူ ၁၁၄၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List