အဆိုတော် တစ်ဦးဖြစ်သည့် ထက်ထက် ( Bobby Soxer) ကို ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်မှ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းထားသည်ဟု ထက်ထက် က ပြောသည်။
" ထက်ထက် ဒီဇာတ်ကားကို ရိုက်ကူးဖို့ လက်ခံခဲ့တာက အဆိုတော်တွေချည်းပဲ ရိုက်ကူးမယ့် ဇာတ်ကား မို့လို့ပါ။ သရုပ်ဆောင် လိုင်းဘက်ကို တသတ်မတ် တည်းသွားဖို့ စိတ်ကူးမရှိပါဘူး။
ထက်က အမ်တီဗီ ရိုက်ရတာ ဝါသနာပါတယ်။ ဇာတ်လမ်း ပုံစံလေးတွေ ရိုက်ရတာကို ဝါသနာပါလို့ ဒီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့ လက်ခံလိုက်တာပါ။ အကုန်လုံးက အပြင်မှာ ကိုယ်နဲ့ အရမ်းရင်းနှီးနေ တဲ့ သူတွေချည်းပဲလေ။ ရှိန်နေစရာ ကြောက်နေစရာလည်း မလိုဘူး။ စိန်ခေါ်မှု တစ်ရပ်လို ဖြစ်မနေဘူး။ စိတ်ဝင်စားစရာ ကောင်းတဲ့ အလုပ်တစ်ခုဖြစ်လို့ လက်ခံ လိုက်တာပါ " ဟု၎င်းကပြောသည်။
ယင်းဇာတ်ကား၏ ဇာတ်လမ်း၊ ဇာတ်ညွန်းနှင့် ဒါရိုက်တာသည် ဝင်းလွင်ထက် ဖြစ်ပြီး ဇာတ်ညွှန်း ရေးသားမှု အပိုင်းများ မပြီးပြတ်သေး ခြင်းကြောင့် ဇာတ်ကား အမည်မပေးရသေးဟု ဒါရိုက်တာ ဝင်းလွင်ထက်က ပြောသည်။
အဆိုပါ ဇာတ်ကားတွင် ရဲရင့်အောင်၊ လွှမ်းပိုင်၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ ထက်ထက် ( Bobby Soxer) တို့ ပါဝင် သရုပ်ဆောင် ကြမည်ဖြစ်ပြီး တက္ကသိုလ် ကျောင်းသားများ ဘဝကိုပုံဖော်ရိုက်ကူး မည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းနှင့် ဆက်နွယ်သည့် နေရာများတွင် သွားရောက် ရိုက်ကူးမည်ဖြစ်သည်။
ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ကြမည့် အဆိုတော် များသည် ပြင်ပ တွင် ရှိနေသည့် ၎င်းတို့၏ စရိုက် သဘာဝ အတိုင်း သရုပ်ဆောင် ကြမည်ဖြစ်ခြင်းကြောင့် အခက်အခဲ မရှိနိုင်ဟု ဒါရိုက်တာ ဝင်းလွင်ထက်က သုံးသပ်ပြောသည်။
ယင်း ဇာတ်ကား ရိုက်ကူး မှုကို စက်တင်ဘာလကုန်၌ စတင် ရိုက်ကူး သွားမည်ဖြစ်ပြီး၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရုံတင်ရက် စောင့်ဆိုင်းကာ ပြသနိုင်မည်ဟု ပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment