Wednesday, August 20, 2014

ဦးဆန်းဆင့်၏ ကိုးကြိမ်မြောက်ရုံးချိန်းတွင် ဒု-ညွှန်ချုပ်အပါအ၀င် ညွှန်မှူးများကို စစ်ဆေး


သြဂုတ်လ ၁၉ ရက်နေ့ကပြုလုပ်သည့် ဦးဆန်းဆင့်၏ ကိုးကြိမ်မြောက်ရုံးချိန်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် အပါအ၀င် ညွှန်ကြားရေးမှူးများအား တရားလိုပြ သက်သေများအဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါရုံချိန်းတွင် သာသနာထွန်းကား ပြန့်ပွားရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စာရင်းစစ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ သာသနာရေးဌာန ၀ိနိဇယ ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ သာသနာရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်၏ အမှုတွဲများဖြစ်သည့် ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉၊ ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က)များအတွက် အစိုးရသက်သေ ၆၂ ဦးရှိကြောင်း သြဂုတ် ၁၅ ရက်ကထုတ်ခဲ့သည့် ကိုးကြိမ်မြောက် ရုံးချိန်းတွင် ဦးဆန်းဆင့်က မိမိဘက်တွင် ရပ်တည်မည့်သူမှာ ဘုရားသခင်သာ ရှိတော့ကြောင်း မီဒီယာ များအား ပြောကြားခဲ့သည်။

ဦးဆန်းဆင့်၏ အမှုတွဲများဖြစ်သည့် ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉၊ ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က)များအတွက် အစိုးရသက်သေ ၆၂ ဦးရှိကြောင်း သိရသည်။ ဦးဆန်းဆင့်၏ အမှုအတွက် (၁၀) ကြိမ်မြောက်ရုံးချိန်းအား သြဂုတ် ၂၂ ရက်တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ဦးဆန်းဆင့် ကျန်းမာရေးမကောင်းသဖြင့် အချုပ်လွတ်ထုခြေခွင့်ကို နေပြည်တော်ခရိုင် တရားရုံးက ပလပ်ခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် ဆေးအားမခံရရှိရန် တင်ထားကြောင်း သိရသည်။

ဇွန် ၁၉ ရက်တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သိန်းတစ်ရာခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှု ပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုပ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List