Tuesday, August 19, 2014

ဒေသခံများကန့်ကွက်နေသော်လည်း ဒေါ်လာ ၅ ဒသမ ၄ ဘီလျံကုန်ကျပြီး မဂ္ဂါဝပ် ၂၆၄၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တနင်္သာရီမြစ်ဝတွင်တည်ဆောက်မည်


ဒေသခံများကန့်ကွက်နေသော်လည်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တုံးဗျောကျေး ရွာရှိ တနင်္သာရီမြစ်ဝတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံကုန်ကျနိုင်ပြီး မီဂါဝပ် ၂၆၄၀ ထွက်ရှိ မည့်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တနင်္သာရီမြစ်ဝသန့်စင်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Ratch- aburi Electricity Generating Holding Public Co., Ltd. Blue Energy & Environment Co.,Ltd. Vantage Co.,Ltd. နှင့် Kyaw Kyaw Phyo Co.,Ltd တို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တုံးဗျောကျေးရွာအနီးတွင် မြေဧက ၃၀၀၀ ကျော်ကို အသုံးပြုတည်ဆောက်သွားမည်ဖြစ်ကာ စီမံကိန်း အမည်အား တနင်္သာရီမြစ်ဝသန့်စင်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဟု အမည်ပေးထားကြောင်း သိရသည်။

"ပြီးခဲ့တဲ့လက တုံးဗျောကျေးရွာအုပ်စု၊ မွေ့ရှောင်ရွာမှာ ကျောက်မီးသွေးစက်ရုံတစ်ခုလာဆောက်ဖို့ ဒေသ ခံတွေကို ကုမ္ပဏီကလူတွေနဲ့ ဌာနဆိုင်ရာတစ်ချို့လာပြောသွားပါတယ်။ အဲဒီတုန်းက ထိုင်းကုမ္ပဏီ တစ်ခုနောက်မှာရှိပြီး Vantage ကတာဝန်ရှိသူတွေ ဆောင်ရွက်နေတယ်လို့ပဲသိရတယ်။ ဒေသခံတွေ ကတော့ ဆိုးကျိုးများမယ့် အဲဒီစီမံကိန်းကို ကွန့်ကွက်လက်မှတ်ထိုးထားပါတယ်။ ကျွန်တော်တို့ စုဆောင်းရရှိ ထားတဲ့လက်မှတ်တွေကို နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုဝန်ကြီးကို ပေးပို့ထားပါတယ်။ စီမံကိန်းနှင့် ပတ်သက်ပြီး ဘာမှပွင့်လင်းမြင်သာစွာမရှိဘဲ အစကနဦးက မီဂါဝပ် ၆၀၀ ကျော်ရှိမယ်လို့သိရပေမယ့် အခု မီဂါဝပ် ၆၆၀ လေးလုံးတပ်ဆင်သွားမယ်လို့ သိရတယ်" လို့ မြိတ်ခရိုင် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအား BOT စနစ်ဖြင့် လုပ်ကိုင်မည်ဖြစ်ပြီး သုံးစွဲမည့်လောင် စာများကို အင်ဒိုနီးရှား၊ သြစတေးလျနှင့် တခြားနိုင်ငံများမှတင်သွင်းမည်ဟု ကြေညာထားကာ ပထမ အဆင့်တွင် မီဂါဝပ် ၆၆၀ နှစ်လုံး၊ ဒုတိယအဆင့်တွင် မီဂါဝပ် ၆၆၀ နှစ်လုံးတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဒေသမှာ ဘာကြောင့် ဒီလိုဆိုးကျိုးများမယ့် ကျောက်မီးသွေးသုံး စက်ရုံတွေ အသည်းအသန် လာဆောက်နေကြတာလဲမသိဘူး။ လျှပ်စစ် ဓာတ်အားရရှိဖို့အကြောင်းပြချက်နှင့် ဆောင်ရွက်နေတယ် ဆိုပေမယ့် ကျွန်တော်တို့တိုင်းဒေသကြီးမှာ သဘာဝဓာတ်ငွေ့လည်းထွက်တယ်။ ရေအားလျှပ်စစ်ထုတ်နိုင် တဲ့နေရာတွေလည်းရှိတယ်။ ဘာကြောင့် မြိတ်နှင့် ကော့သောင်းကိုပဲရွေးပြီး ဒီစီမံကိန်းတွေလာလုပ်နေ တာလဲ" ဟု မြိတ်ဒေသခံတစ်ဦးက ပြောကြားသည်။

ကော့သောင်းတွင် ရှစ်မဂ္ဂါဝပ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ထားပြီး မြိတ်မြို့ နယ် လော့လော့ကျေးရွာတွင်လည်း မဂ္ဂါဝပ် ၅၀ ထုတ်နိုင်သော ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်နေကြောင်းသိရသည်။ မြိတ်ခရိုင်တစ်ခုလုံး မီးလင်းရန်အတွက် လိုအပ်သည်မှာ မဂ္ဂါဝပ် ၃၀ သာရှိပြီး မဂ္ဂါဝပ် ၂၆၄၀ ဆိုသည့်ပမာဏမှာ များပြားလွန်းပြီး ထိုင်းနိုင်ငံ၏အကျိုးစီးပွားအတွက် ဦးတည်နေကာ ဒေသခံများ အတွက် ဆိုးကျိုးများစွာခံစားရနိုင်ကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ကိုပိုအင် ကပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List