Friday, August 22, 2014

အင်ဒိုနီးရှားရွေးကောက်ပွဲ ရှုံးနိမ့်သမ္မတလောင်းကို ထောက်ခံသူများ ဆန္ဒပြ


အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲ အယူခံဆုံးဖြတ် မယ့်အချိန်မှာ ရှုံးသွားတဲ့ သမ္မတလောင်း ပရာဘိုဝို ဆုဘိုင်တို ကို ထောက်ခံ သူတွေက အင်ဒိုနီးရှား ဗဟိုတရားရုံးအပြင်ဖက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ အရင်ဗိုလ်ချုပ်ကြီးဟောင်း က ရွေးကောက်ပွဲရလဒ်ကိုအယူခံ ၀င်ခဲ့ပေမယ့် တရားရုံးက လက်ရှိ ရွေးကောက်ပွဲရလဒ်ကိုပဲ အတည်အဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။

ဆုဘိုင်တို ကို ထောက်ခံတဲ့သူတွေက လုံခြုံရေးအရံအတားတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတာကြောင့် မျက်ရည်ယိုဗုန်းတွေနဲ့ ဆန္ဒပြသူတွေထဲ ပစ်သွင်းပြီး လူစုခွဲခဲ့ရပါတယ်။

တချို့မျက်မြင်တွေက ရဲတွေရဲ့အရံအတားကို ကုန်ကား ၄ စီးနဲ့ တိုက်ပြီး ဖယ်ရှားခဲ့ကြတယ် လို့လည်း ဆိုပါတယ်။

ဂျာကာတာမြို့တော်မှာ ပြီးခဲ့တဲ့နှစ်ပတ် ဒီရွေးကောက်ပွဲ မဲရလဒ်အယူခံ ၀င်ခဲ့ချိန်ကစပြီး ဆန္ဒပြပွဲတွေ ရှိခဲ့ပေမယ့် တရားရုံးက ဆုံးဖြတ်မယ့်ရက် မတိုင်ခင်အထိ အေးအေးချမ်းချမ်းပဲ ဖြစ်ခဲ့ပါတယ်။

အခုလိုဆန္ဒပြပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် မြို့တော်က စီးပွားရေးလုပ်ငန်းတွေ နဲ့ ကျောင်းတွေကို စောစော စီးစီးပဲ ပိတ်သိမ်းခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ မပေါ်ပေါက်စေဖို့ ဂျာကာတာမြို့တော်နဲ့ အနီးပတ်ဝန်းကျင် မှာ ရဲလုံခြုံရေး အင်အား ၅ သောင်းလောက်ချထားတယ်လို့ သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List