Friday, August 22, 2014

သိုက်နန်းရှင်မလေးဖြစ်သွားတဲ့ ကျွန်တော့်ရည်းစားမိုးယုစံ


သရုပ်ဆောင် မိုးယုစံအနေနဲ့ သူမရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ အခု တစ်ခေါက်ရိုက်ထားတဲ့ ရုပ်ရှင်ကားက ထူးထူးခြားခြားဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။ “ရုပ်ရှင်ကားကြီးကတော့ခုနှစ်ကား ရှစ်ကားလောက်ရှိပြီ။ ကားတွေတော်တော် များများက ဟာသကားတွေများတယ်။ဆရာပန်းချီစိုးမိုးရိုက်တဲ့ကားက အစ်မရိုက်ခဲ့တဲ့ ကားတွေမှာ ထူးခြားပါတယ်။

ရိုက်ခဲ့တဲ့ကားတွေက ဟာသကားများတော့လေ အဲဒီကားကြီးမှာအကောင်း ဆုံးကြိုးစားထားပါတယ်” လို့ မိုးယုစံက ပြောပါတယ်။

မိုးယုစံက ဒါရိုက်တာပန်ချီစိုးမိုးရိုက်ထားတဲ့“ကျွန်တော့်ရည်းစားဘုရားမှာနေ သည်”ရုပ်ရှင်ကားမှာ သရုပ်ဆောင် စိုးရန်အောင်နဲ့ တွဲဖက်သရုပ်ဆောင်ထား တာဖြစ်ပြီး ကျေးတောသူပုံစံ၊ သိုက်နန်းရှင်ပုံစံတွေ နဲ့ ပုံစံသုံးမျိုးလောက် သရုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

“ကျွန်တော့် ရည်စားဘုရားမှာနေသည် ဒီကားကြီးမှာ သိုက် scene တွေပါတယ်။ တစ်ခြား scene တွေ မှာတော့ အပြင် outdoor ထွက်ရိုက်တာတွေ Indoor ရိုက်တာတွေလောက်ပဲ။ သိုက် scene မှာတော့ ဆရာဦးစိုးမိုးတို့ရော Studio 35တို့ကရော သေချာလေး လုပ်ထားပါတယ်။  ဆက်တင်တွေဘာတွေ၊ ကျောက်တောင်တွေဘာတွေပေါ့” လို့ မိုးယုစံကပြောပါတယ်။

လက်ရှိမှာတော့ မင်းသားဇေရဲနဲ့ ကားရိုက်ထားပြီး မင်းသားထိုက်စံမော့စ်နဲ့ နှောင်ဝေေ၀ဆိုတဲ့ ဇာတ်ကား လည်း ရိုက်ကူးနေပြီး MISS ဆုရရှိကာ အနုပညာလောကထဲ ၀င်ရောက်လာပြီး ဓါးတစ် ချောင်း ၁၅၀၀ ဇတ်လမ်းဖြင့် ဗွီဒီယိုလောကအတွင်း သို့ စတင်ဝင်ရောက်ခဲ့တယ်လို့ မိုးယုစံက ဆိုပါတယ်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List