လွှတ်တော်အသီးသီး၏ သက်တမ်းကာလ သုံးနှစ်ခွဲကျော် ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီ နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်တို့မှ ပါတီဝင် ငါးထောင်ကျော် အပါအ၀င် လွှတ်တော်အသီးသီးသို့ လာရောက်လေ့လာသူ ၇၅၀၀ ကျော် ရှိကြောင်း သတင်းရရှိသည်။
လွှတ်တော်များသို့ လာ ရောက်လေ့လာရာတွင် နိုင်ငံရေး ပါတီများ၊ ကျောင်း၊ သင်တန်း၊ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ကြောင်း လွှတ်တော်ရုံးများ၏ စာရင်းများအရ သိရသည်။
လာရောက်လေ့လာရာတွင် နိုင်ငံရေးပါတီ အသီးသီးမှ ၄၃ ကြိမ်၊ ကျောင်းသင်တန်းအသီးသီး မှ ၁၆ ကြိမ်နှင့် လူမှုအဖွဲ့အစည်း များမှ ၁၇ ကြိမ်တို့ ဖြစ်သည်။
နိုင်ငံရေးပါတီများမှ လာ ရောက်လေ့လာရာတွင် အခြား ပါတီများထက် ပါတီကြီးနှစ်ခုဖြစ် သည့် ပြည်ခိုင်ဖြိုးပါတီနှင့် အင်န် အယ်လ်ဒီပါတီမှ ပါတီဝင်များ အများစုဖြစ်ပြီး တိုင်းရင်းသားပါ တီအချို့မှ ပုဂ္ဂိုလ်များလည်း လာ ရောက်လေ့လာခဲ့ကြောင်း လွှတ် တော်များ၏ စာရင်းများအရ သိရ သည်။
‘‘လာပြီး လေ့လာတာက တော့ ပြည်သူ့လွှတ်တော်နဲ့ ပြည် ထောင်စုလွှတ်တော်ကိုလာတာ အများဆုံးပဲ။ အမျိုးသားကိုကျ တော့ နိုင်ငံခြားသံတမန်တွေ၊ အထူးကိုယ်စားလှယ်တွေ လာ တာပဲ များတယ်’’ ဟု လွှတ်တော် ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ထိုကဲ့သို့ လွှတ်တော်များသို့ လာရောက် လေ့လာမှုများပြား လာခြင်းသည် ပြည်သူများအနေ ဖြင့် လွှတ်တော်အပေါ် ပိုမိုစိတ် ၀င်စားလာသည့် သဘောဆောင် သည်ကို ပြသခြင်းဖြစ်ပြီး နိုင်ငံ တော်၏ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေးအတွက် ကောင်းမွန်သော လက္ခဏာဖြစ်သည်ဟု ခံယူကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သြဂုတ် ၁ ရက် တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အပိတ်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
‘‘ကျွန်တော်တို့ သတိထားမိ သလောက်ကတော့ ဆဋ္ဌမပုံမှန် အစည်းအဝေးလောက်ကစပြီး လာတဲ့သူတွေ တော်တော်များ တယ်။ နေ့တိုင်းနီးပါးလာကြ တယ်။ တချို့လွှတ်တော်ကိုယ် စားလှယ်တွေကလည်း သူတို့မဲ ဆန္ဒနယ်က ပါတီဝင်တွေ၊ မဲဆန္ဒ ရှင်တွေကို ခေါ်ပြီးလာလေ့လာ စေတာလည်း ရှိတယ်’’ ဟု လွှတ် တော်များတွင် ပုံမှန်သတင်းရယူ နေသည့် သတင်းထောက်တစ်ဦး က ပြောသည်။
လွှတ်တော်သို့ လာရောက် လေ့လာလိုပါက လေ့လာလို သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ မှ ဦးဆောင်သူ၏ ကိုယ်ရေးအ ချက်အလက်အကျဉ်းနှင့် လိုက်ပါ မည့် ဦးရေတို့ကို လေ့လာလိုသည့် နေ့မတိုင်မီ သုံးရက်ခန့် ကြိုတင်၍ သက်ဆိုင်ရာ လွှတ်တော်ရုံးများ သို့ ပေးပို့ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရုံး မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
7Day News Journal
No comments:
Post a Comment