Supermoon ဆိုတာကမ္ဘာကို အီလစ်ပုံပတ်လမ်းနဲ့ လှည့်ပတ် နေတဲ့လဟာ ကမ္ဘာနဲ့အနီးဆုံး ရောက်ရှိနေ တဲ့အခိုက်အတန့်နဲ့ လပြည့်ဖြစ်စဉ်နဲ့ လာရောက် တိုက်ဆိုင်နေတဲ့ကာလဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှ လကိုအကြီးမားဆုံး အရွယ်အစား၊ အတောက်ပဆုံး မြင်ကွင်းနဲ့မြင်ရတဲ့ဖြစ်စဉ်ကိုခေါ် ခြင်းဖြစ်ပါတယ်။
ကမ္ဘာ-လ-နေ အဖွဲ့အစည်းစနစ်မှာ ပညာရပ် အခေါ်အဝေါ်အနေနဲ့တော့ ဒီဖြစ်စဉ်ကို perigee-syzygy လို့ခေါ် ပါတယ်။ အမှန်တကယ်တော့ supermoon ဆိုတဲ့ဝေါဟာရဟာ နက္ခတ္တဗေဒဝေါဟာရမဟုတ်ပေ မယ့် ခေတ်သစ်နက္ခတ် ပညာရပ်မှ ပေါ်ထွက်လာတဲ့ဝေါဟာရဖြစ်ပါတယ်။
လနှင့်မြေငလျင်လှုပ်ရှားမှု၊ ဆူနာမီကဲ့သို့သော ရေလှိုင်းဖြစ် စဉ်များ supermoon ဖြစ်စဉ် ကြောင့် အဆိုပါဖြစ်စဉ်များရဲ့ အန္တရာယ်ဟာ ပိုတိုးလာကြောင်း လူအများပြောဆိုလာကြသော်လည်း ယင်းဆက်စပ် မှုမှာ လက် တွေ့တွင်ခိုင်မာတဲ့သိပ္ပံအထောက်အထားတွေမတွေ့ရှိကြရသေးတဲ့ အတွက် လူအများ လက်မခံကြ သေးပါ။လောလောဆယ်အနေဖြင့် အနီးကပ် ဆုံးဖြစ်ပေါ်ခဲ့သော su-permoon ဖြစ်စဉ် မှာ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီး နောက်ထပ်အနီးကပ်ဆုံးဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက်တွင်ဖြစ်လာမယ့် ဖြစ်စဉ်ဖြစ်ပါတယ်။ supermoon ဖြစ်စဉ်နဲ့ဆန့်ကျင် ဘက်ဖြစ်စဉ်ကို apogee-syzygy ဟုခေါ်ဆိုပြီး အများအားဖြင့် လူသိသိပ်မများလှပါ။
Supermoon ၏အဓိပ္ပာယ်သတ် မှတ်ချက်
လဟာ ကမ္ဘာမြေကို အီလစ် ပုံလမ်းနဲ့လှည့်ပတ်နေပြီး ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးမှာ ၃၅၇,၀၀၀ကီလို မီတာ (၂၂၂,၀၀၀)မိုင် ဖြစ် ကာ အဝေးဆုံးအကွာအဝေးမှာ ၄၀၆,၀၀၀ ကီလိုမီတာ(၂၅၂, ၀၀၀)မိုင်ဖြစ် ပါတယ်။ NASA အဖွဲ့ကြီးရဲ့တိုင်းတာချက်အရ လဟာ supermoon ဖြစ်နေချိန် တွင် အရွယ်အားဖြင့် ၁၄ ရာခိုင် နှုန်းပိုကြီးလာပြီး တောက်ပမှုမှာ လည်း ၃၀ ရာခိုင်နှုန်းပိုမိုတောက် ပလာကြောင်းသိရပါတယ်။
ဝေါဟာရ
Supermoon ဆိုတဲ့ဝေါဟာ ရကို နက္ခတ္တဗေဒပညာရှင် ရစ် ချတ်နိုးလ်လီ (Richard Nolle)က ၁၉၇၉ ခုနှစ်မှာ အမည်ပေးထား ခဲ့ခြင်းဖြစ်ပါတယ်။ မူရင်းအဓိပ္ပာယ်သတ်မှတ်ချက်ကတော့ ပတ်လမ်းတစ်ခုဖြင့် ကမ္ဘာကို လှည့်ပတ်နေတဲ့လဟာ နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်းကျသွားတဲ့အချိန်မှာ လဟာ ကမ္ဘာနဲ့အနီးကပ်ဆုံးအကွာအဝေးသို့ရောက်ရှိ နေစဉ် တွေ့မြင်ရတဲ့ အခြေအနေကိုခေါ်ဝေါ်ခြင်းဖြစ်ပါတယ်။
အမှန်အားဖြင့် supermoon ဟူသောဝေါဟာရမှာ ပညာရပ် အခေါ်အားဖြင့် perigee-syzygy ဟုခေါ်ဆိုပြီး အဓိပ္ပာယ်မှာ နေ- လ-ကမ္ဘာတို့ တစ်တန်း တည်းကျ ရောက်နေစဉ် လဟာ ကမ္ဘာနဲ့ အနီးဆုံးအကွာအဝေးသို့ ရောက် ရှိနေခြင်းကို ခေါ်ခြင်းဖြစ်ပါတယ်။ ယင်းဖြစ်စဉ်ဟာ လပြည့် (full moon)သို့မဟုတ် လဆန်း (new moon)ဖြစ်စဉ်တိုင်းတွင် ကြုံတွေ့ နိုင်ပါတယ်။
ဖြစ်ပေါ်မှုကြိမ်နှုန်းများ
Full moon cycle ဆိုတာ ဟာ နေ-လ-ကမ္ဘာတစ်တန်း တည်းကျရောက်သောဖြစ်စဉ် တစ်ခုနှင့်တစ်ခုကြား ကြာမြင့်ချိန် ဖြစ်ပြီး အကြမ်းအားဖြင့် ၄၁၁ ဒသမ ၈ ရက်တွင် တစ်ကြိမ်ဖြစ် ပေါ်လေ့ရှိပါတယ်။ တစ်နည်း ပြောရပါက full moon (၁၄) ကြိမ်မြောက်ဖြစ်ပေါ်တိုင်း super moon တစ်ကြိမ်ဖြစ်ပေါ်တဲ့ သဘောဖြစ်ပါတယ်။ အကြမ်းအားဖြင့်လည်း full moon cycle တစ်ကြိမ်တွင် supermoon သုံးကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။
ဒီရေများအပေါ် အကျိုးသက် ရောက်မှု
ကမ္ဘာပေါ်ရှိသမုဒ္ဒရာရေပြင် များအပေါ်တွင် နေနဲ့လတို့ရဲ့ ပူး တွဲအကျိုးသက်ရောက်မှုကြောင့် လဟာ full moon (သို့မဟုတ်) new moon ဖြစ်တိုင်း ကမ္ဘာပေါ်ရှိသမုဒ္ဒရာအတွင်းတွင် ဖြစ်ပေါ်သောဒီရေလှိုင်းတို့သည် အကြီးဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် lunar perigee ဖြစ်သောကာလတွင် ဒီရေအတက် အကျဟာ အားအကောင်းဆုံး ဖြစ်ပါတယ်။ ယင်းကို perigean springtide ဟုခေါ်ဆိုပါတယ်။ ဒါပေမဲ့ ဒီရေဟာ လက်တွေ့ဒီရေလှိုင်းမှာလက်မအနည်းသာ အပြောင်းအလဲဖြစ်စေတတ်ပါတယ်။
သို့ရာတွင် ဒီရေအပေါ်၌ သက်ရောက်သောအားမှာ an inverse-cube law နဲ့ပြောင်းလဲ နေမှုကြောင့် ဒီရေလှိုင်းရဲ့အား ပမာဏမှာ ပျမ်းမျှတန်ဖိုးများ ထက် ၁၉ ရာခိုင်နှုန်းခန့်ပိုမိုအား ကောင်းနိုင်ပါတယ်။ သို့ရာတွင် ကမ္ဘာအရပ်ရပ်၌ ဖြစ်ပေါ်သော ဒီရေလှိုင်းများဟာ နေရာဒေသ အလိုက် အပြောင်းအလဲများရှိ တတ်ကြတဲ့အတွက် ဒီရေလှိုင်း များအပေါ် သိသိသာသာထူးခြား သော အကျိုးသက်ရောက်မှုကို တော့မတွေ့ကြရပါ။
၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်တွင်ဖြစ်ပေါ်ခဲ့သော super moonဖြစ်စဉ်မှာ UK နိုင်ငံ Sol-ent ဒေသ၌ သင်္ဘောငါးစီး နစ်မြုပ်ခဲ့ရခြင်းတွင် supermoonနဲ့ဆက်စပ်မှုရှိနေကြောင်း ပြောဆိုမှုများရှိခဲ့သော်လည်း ယနေ့အချိန်အထိသက်သေအထောက် အထားပြသနိုင်ခြင်းမရှိသေးပါ။
သဘာဝဘေးအန္တရာယ်များ ကျ ရောက်ခြင်း
၂၀၁၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့ သော ဂျပန်နိုင်ငံတိုဟာကူ (Toha ku)ဒေသ၌ ရေအောက်မြေ ငလျင်လှုပ်ခဲ့ခြင်းနဲ့အတူ ဆူနာမီ ရေလှိုင်းများကျရောက်ခြင်းဖြစ် စဉ် ၂၀၀၄ ခုနှစ်၊ အိန္ဒိယသမုဒ္ဒရာ တွင်လှုပ်ခတ်ခဲ့သောရေအောက် မြေငလျင်နှင့် ဆူနာမီရေလှိုင်းများကျရောက်ခြင်းဖြစ်စဉ်စသည်တို့သည် supermoon ဖြစ်စဉ်နှင့် ဆက်စပ်မှုရှိကြောင်း လူအများက သုံးသပ်ပြောဆိုမှုကောလာဟလ ပြောဆိုမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်အထိ ခိုင်မာသော သက်သေအထောက်အထားများ ပြသနိုင်ခြင်း မရှိသေးကြောင်း တွေ့ရပါတယ်။
၂၀၁၄ ခုနှစ်အတွင်းမှာ su-per moon ငါးကြိမ် ဖြစ်ပေါ်မှုရှိပါတယ်။ အဲဒါတွေကတော့ ဇန်နဝါ ရီလထဲမှာကျရောက်မယ့် လဆန်းကာလ new moon နှစ်ကြိမ်နဲ့ ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဖြစ်ပေါ်မယ့် လပြည့်ကာလ full moon(၃)သုံးကြိမ်တို့ ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်အနီး ဆုံး super moon ဟာ သြဂုတ်လ ၁၀ ရက် ဖြစ်ပါတယ်။ စာရင်းတွေကတော့ ဇန်နဝါရီ ၁ရက်နဲ့ ၃၀ မှာ new moon နှစ်ကြိမ်၊ ဇူလိုင် ၁၂ ရက်နဲ့ သြဂုတ် ၁၀ ရက်၊ စက်တင်ဘာ ၉ ရက်တို့မှာ full moon သုံးကြိမ်တို့ဖြစ်ပါတယ်။
သြဂုတ် ၁၀ ရက်မှာဖြစ်လာမယ့် supermoon
Supermoon ဖြစ်စဉ်ဟာ စကြဝဠာကြီးအတွင်းမှာရှိနေတဲ့ နက္ခတ္တဗေဒဖြစ်စဉ်တွေထဲက ပုံ မှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ ကမ္ဘာကြီးနဲ့နီးကပ်နေတဲ့ နေ၊ လ၊ ကမ္ဘာဂြိုဟ်တွေဟာ ကိုယ်ပိုင်ပတ် လမ်းများနဲ့ရွေ့လျားနေကြရာမှာ နေကိုဗဟိုပြုလို့ ကမ္ဘာကနေကို အီလစ်ပုံပတ်လမ်းနဲ့ ပတ်နေ တယ်။ ဒါကြောင့် နေနဲ့ကမ္ဘာနဲ့ အကွာအဝေးဟာ အနီးဆုံးအကွာ အဝေးနဲ့ အဝေးဆုံးအကွာအဝေး ဆိုတာရှိလာတယ်။ တစ်ခါလက ကမ္ဘာကို အီလစ်ပုံပတ်လမ်းနဲ့ ပတ်နေပြန်တယ်။ ဒီတော့ လနဲ့ ကမ္ဘာနဲ့မှာလည်း အနီးဆုံးအကွာ အဝေးနဲ့ အဝေးဆုံးအကွာအဝေး ဆိုတာရှိလာတယ်။ တစ်ခါ နေကို ပတ်နေတဲ့ကမ္ဘာရယ်၊ ကမ္ဘာကို ပတ်နေတဲ့လရယ်ဟာ တစ်တန်း တည်းကျတဲ့ကာလဆိုတာ ပုံမှန် ရှိနေပြန်ပါတယ်။ အဲဒီအထဲကမှ နေရယ်၊ လရယ်၊ ကမ္ဘာရယ် တစ် တန်းတည်းကျနေတဲ့ကာလနဲ့ လဟာ ကမ္ဘာနဲ့အနီးဆုံးရောက်နေ တဲ့အချိန်နဲ့ လာရောက်တိုက်ဆိုင် လာတဲ့အခါ မြင်ရတဲ့လကို supermoon လို့ခေါ်ခြင်းသာဖြစ်ပါ တယ်။ အမြဲဖြစ်နေတဲ့အကြမ်း အားဖြင့် ၄၁၁ ဒသမ ၈ရက်တွင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်နည်းပြောရပါက full moon (၁၄) ကြိမ်မြောက်ဖြစ်ပေါ်တိုင်း supermoon တစ်ကြိမ်ဖြစ်ပေါ်တဲ့ သဘောဖြစ်ပါတယ်။ အကြမ်း အားဖြင့်လည်း full moon cycle တစ်ကြိမ်တွင် super moon သုံး ကြိမ်ဖြစ်ပေါ်လေ့ရှိပါတယ်။
ထူးခြားတာကတော့ နေ၊ လ၊ ကမ္ဘာတစ်တန်းတည်းကျနေ တာရယ်၊ လဟာကမ္ဘာနဲ့အနီးဆုံး အကွာအဝေးရောက်နေတာရယ်၊ လာရောက် တိုက်ဆိုင်နေတဲ့ အခိုက်အတန့်သာဖြစ်ပါတယ်။ ဒါဟာလည်း နေ၊ လ၊ ကမ္ဘာတို့ ရဲ့ ပုံမှန်ဖြစ်စဉ် တစ်ခုသာဖြစ် ကြောင်းပါဗျာ။ သဘာဝဘေးများ ဖြစ်ပေါ်နိုင်တယ်လို့ ကောလာဟ လသတင်းများထွက်ရှိနေပေမယ့် အတည်ပြုနိုင်ဖို့ ဘာသိပ္ပံအ ထောက်အထားမှမရှိသေးပါဘူး လို့ ပညာရှင်များကသုံးသပ်ထား ပါတယ်။ ပင်လယ်ဒီရေအပေါ် မှာတော့ အကျိုးသက်ရောက်မှုရှိ နိုင်ပေမယ့်လို့ ကမ္ဘာဒေသအသီး သီးတို့ရဲ့ မတူကွဲပြားခြားနားတဲ့ ပထဝီဝင် အနေအထားတွေ ကြောင့် ဒါဟာလည်း ထူးထူးခြား ခြားမရှိတဲ့နေရာတွေ ကမ္ဘာပေါ် မှာ အများအပြားရှိနေကြောင်း ပါဗျာ။
7Day News Journal
No comments:
Post a Comment