Monday, May 05, 2014

ဝန်ကြီးဦးအောင်မင်းနှင့် KNU ဒု-ဥက္ကဋ္ဌ နော်ဇီဖိုးရာစိန် ရန်ကုန်တွင် တွေ့မည်



ကရင်အမျိုးသားအစည်းအရုံး (KNU) ဒု-ဥက္ကဋ္ဌ ဖဒိုနော်ဇီဖိုးရာစိန် ဦးဆောင်သော ဗဟိုကော်မတီဝင် ခြောက်ဦးအဖွဲ့နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းတို့သည် မေ ၆ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံမည်ဟု MPC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
KNU ဒု-ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ကရင်ပြည်နယ်တို့တွင် လူထု တွေ့ဆုံပွဲများပြုလုပ်ရန် ရောက်ရှိနေကြခြင်းဖြစ်ပြီး ရန်ကုန်တွင် ဦးအောင်မင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဦးလှမောင်ရွှေက “တွေ့တဲ့အခါမှာ KNU နဲ့ အစိုးရရဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေး အမြင်တွေကို ပြောကြမှာပါ”ဟု ပြောသည်။

၎င်းတို့သည် မေလ ၁ ရက်က ပန်းတနော်မြို့တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး မေလ ၂ ရက်က ပုသိမ်မြို့၌ ကရင်လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကရင်အမျိုးသားစည်း လုံးရေး နှင့် ငြိမ်းချမ်းရေးကော်မတီ နှီးနှောဖလှယ်ပွဲသို့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့တို့ တက်ရောက်ခဲ့သည်။

ယခုအကြိမ် ရန်ကုန်မြို့သို့ လာရောက်ခြင်းသည် ဒုတိယဥက္ကဋ္ဌ၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဦးခွန်ထွန်းဦးက “ကျွန်တော့်ကို တွေ့ချင်တယ်လို့ KNU ဘက်က စတင်ကမ်းလှမ်းခဲ့တာပါ။ မေလ ၆ ရက် နေ့ မနက် ၁ဝ နာရီ တွေ့ဖြစ်ပါမယ်”ဟု မဇ္ဈိမကို ပြောသည်။

KNU သည် ရှမ်းပြည်အခြေစိုက် လက်နက်ကိုင်အဖွဲ့များဖြစ်သော “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မ တော်နှင့် မိုင်းလား အထူးဒေသ(၄) အဖွဲ့တို့နှင့်လည်း ဧပြီလအကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ခြင်း ကြောင့် KNU အဖွဲ့နှင့် တွေ့ဆုံရာ တွင် ၎င်းက တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပြောဆိုလိုရာများ ရှိကြောင်း ဦးခွန်ထွန်းဦးက ဆိုသည်။

KUN ဒုတိယဥက္ကဋ္ဌနှင့် ဝန်ကြီး ဦးအောင်မင်းတို့က နှစ်ဖက် အပစ်ရပ် လက်မှတ်မထိုးမီ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာ ၂ဝ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်ဟုလည်း ဦးလှ မောင်ရွှေက ဆိုသည်။

နှစ်ဖက် အပစ်ရပ် လက်မှတ်ထိုးပြီး နောက် ၂ဝ၁၂ ဧပြီလတွင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော KNU ငြိမ်း ချမ်းရေးအဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်းတို့ ပဲခူးမြို့ ရွှေဝါထွန်း ဟိုတယ်တွင် တိုင်းနှင့်ပြည်နယ်အဆင့် ငြိမ်း ချမ်းရေး ဆွေးနွေးခဲ့သည်။ ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီးKNU ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ ဆွေးနွေးခဲ့ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List