Thursday, May 08, 2014

အမေရိကန်တွင် ကူးစက်ဗိုင်းရပ်စ်တမျိုး ၀က်များတွင် ပြန့်ပွား


သေစေနိုင်လောက်တဲ့ ၀က်ကတဆင့် ကူးစက်ပြန့်ပွားတဲ့ ဗိုင်းရပ်စ်တမျိုး အမေရိကန်နိုင်ငံ တလွှား ၀က်မွေးမြူရေးခြံတွေမှာ ကူးစက်နေလို့ လယ်သမားတွေက ဇီဝဘေးကင်းရေး လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နေကြပါတယ်။

မနှစ်က စပြီး အမေရိကန်နိုင်ငံတွင်း ၀က်ဝမ်းကျရောဂါ ကူးစက်ခံခဲ့ရလို့ ခုချိန်ထိ ၀က်သားပေါက် ၇ သန်း သေဆုံးခဲ့ပြီး အခုတော့ ဒီရောဂါပိုးဟာ ကနေဒါနဲ့ အာရှတိုက် အစိတ်အပိုင်းတွေဆီမှာပါ ပေါ်ပေါက်နေပြီး ဖြစ်ပါတယ်။

“ဒီရောဂါပိုးက လူကို အန္တရာယ်ပေးမှုတော့ မရှိသေးပါဘူး။ ဒီအန္တရာယ်ကြီးတဲ့ ရောဂါအကြောင်း နည်းနည်း ပဲ သိသေးတယ်” လို့ ရှူးရှန်းပြည်နယ် နယူးယောက်မြို့က ၀က်ပျံမွေးမြူရေးစခန်းပိုင်ရှင် မိုက်ကယ်ယဲ့ဇီက ပြောပါတယ်။

“အသေးစိတ် အားလုံးမသိကြသေးဘူး။ အလွယ်တကူ ကူးစက်ပြီး ပိုးသတ်ရ ခက်တယ်” လို့ သူက ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ရှင်းပြပါတယ်။

အမေရိကန်ရဲ့ ၀က်သား အကြီးအကျယ်ထုတ်လုပ်တဲ့ ကာရိုလိုင်းနားမြောက်ပိုင်းနဲ့ အိုင်အိုဝါပြည်နယ်တွေ အပါအ၀င် နိုင်ငံတလွှား ၀က်ပေါက်တွေ အများကြီး ဆုံးရှုံးတယ်လို့ ဆိုပါတယ်။

မွေးမြူရေးဝက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ သေကုန်လို့ မွေးမြူရေးသမားတွေ အကြီးအကျယ် ဆုံးရှုံးတယ်လို့ ပြောပါတယ်။

စိုက်ပျိုးမွေးမြူရေး သုတေသနအဖွဲ့ ရာဘိုဘန့်ကတော့ ဒီဗိုင်းရပ်စ်ကြောင့် ဒီနှစ်အတွင်း ၀က်သားထုတ်လုပ်မှု ၇ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ဆိုပြီး ယူအက်စ်ဒီအေကတော့ ပီအီဒီဗွီ ဗိုင်းရပ်စ်ကြောင့် ထုတ်လုပ်မှု ၂ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ ပြောပါတယ်။

ရောဂါထိန်းဖို့ သုတေသနပညာရှင်တွေကတော့ ၀က်စာဘက်ကို အာရုံစိုက်နေတာ ဖြစ်ပါတယ်။

ဝက်မွေးမြူရေးသမားတယောက်ကတော့ ပြောင်းနဲ့ ပဲပုပ်စေ့ကို သတ္တူ၊ဓာတ် ဖြည့်စွက်စာတွေနဲ့ ရောကျွေး တယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂကတော့ ဒီရောဂါပိုးက ဥရောပကို ကူးစက်လာမှာ စိုးရိမ်ကြောင်း ပြောပါတယ်။

ဥရောပကို တင်သွင်းတဲ့ ၀က်သွေးကို သုံးထားတဲ့ တိရစ္တာန်အစားအစာတွေမှာ ဒီဗိုင်းရပ်စ်ပါ၊ မပါ စစ်ဆေးဖို့ စည်းမျဉ်းအသစ်ကိုလည်း ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့က ထုတ်ပြန် ကြေညာပါတယ်။

ဥရောပသမဂ္ဂကို တင်သွင်းလာတဲ့ သွေးနဲ့လုပ်ထားတဲ့ ၀က်စာထုတ်ကုန်တွေကို အပူချိန် ၈၀ ဒီဂရီ စင်တီ ဂရိတ်နဲ့ ပြုပြင် အပူပေးအပြီး အခန်းတွင်းအပူချိန်မှာ ရက်သတ်တပတ် ၆ပတ် ဆက်ထားဖို့ လိုအပ်ကြောင်း ပညာရှင်ကော်မတီက ပြောပါတယ်။ ဒီနည်းဟာ ဘယ်လို ကိုရိုနာဗိုင်းရပ်စ်ကိုမဆို မထကြွတာ သေချာအောင် လုပ်နိုင်တယ်လို့ ပြောပါတယ်။

ပြင်သစ်အစိုးရကတော့ အစပိုင်းက အမေရိကန်၊ ကနေဒါ၊ မက်ဆီကိုနဲ့ ဂျပန်ကနေ ၀က်နဲ့ ၀က်သားအခြေပြု ထုတ်ကုန်တွေကို တင်သွင်းမှု ပိတ်ဖို့ စဉ်းစားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဥရောပသမဂ္ဂရဲ့ ကန့်သတ်ချက်အသစ်ကို ကြိုဆိုပြီး ပိတ်ပင်မှုကို မလုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ၀က်တင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List