Tuesday, May 06, 2014

နိုင်ဂျီးရီးယား ကျောင်းသူများအား ပြန်ပေးဆွဲမှုအပေါ်တွင် အမေရိကန်အနေဖြင့် ကယ်ဆယ်ရေးအတွက် အကူအညီများကို ကမ်းလှမ်းခဲ့



အမေရိကန်အနေဖြင့် နိုင်ဂျီးရီးယား ကျောင်းသူ ၂၀၀ ကျော်အား အစ္စလာမ်မစ် စစ်သွေးကြွများမှ ပြန်ပေးဆွဲမှုအပေါ်တွင်အလွန် အမင်းဒေါသထွက်ရကြောင်း ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးတွင် အကူအညီများကို ကမ်းလှမ်းခဲ့သည်။ သမ္မတ အိုဘားမား၏ အမျိုးသား လုံခြုံရေး အဖွဲ့မှ ၎င်းအခြေအနေများအပေါ်တွင် စောင့်ကြည့်လျက် ရှိကြောင်းကို အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးမှ ပြောကြားခဲ့သည်။
အစောပိုင်းကာလတွင် ဘိုကိုဟာရမ်အဖွဲ့ ခေါင်းဆောင်မှ ၎င်းတို့ ပြန်ပေးဆွဲထားသည့် ကျောင်းသူများကို ရောင်းချရန် ရည်ရွယ်ကြောင်းပြောဆိုထားသည့် ဗွီဒီယို ပေါ်ထွက်လာခဲ့သည်။

၎င်းကျောင်းသူများသည် နိုင်ငံမြောက်ပိုင်း ဘော်နိုရှိ ကျောင်းမှ ဧပြီလ ၁၄ ရက်တွင် ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။

၎င်းကျောင်းသူများအား လက်တလောတွင် မည့်သည့်နေရာ၌ ထားရှိသည်ကို မသိရှိရသေးပေ။ နိုင်ဂျီးရီးယား အစိုးရ၏ ပြဿနာရပ်ကို ကိုင်တွယ်ဖြေရှင်းမှုအပေါ်တွင် ပြည်သူများမှ ဒေါသထွက်လျက် ရှိကြသည်။

“ အဲ့ဒီမှာ ဖြစ်ခဲ့တဲ့ ကိစ္စရပ်ဟာ အလွန်အမင်း ဆိုးရွားပြီး အရမ်း ဝမ်းနည်းစရာ ဖြစ်ရပ်လို့ ကျွန်တော်တို့ မြင်ပါတယ် ” ဟု မစ္စတာ ကာနေးမှအိမ်ဖြူတော် ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ဂျီးရီးယား အစိုးရနှင့် အဆက်အသွယ် များ ပြုလုပ်လျက်ရှိပြီး ၎င်းကျောင်းသူများအား ပြန်လည်ကယ်ဆယ် ရှာဖွေရေးတွင် အကူအညီများ ပေးအပ်နိုင်ရန် ကမ်းလှမ်း ထားကြောင်းလည်း ပြောဆိုခဲ့သည်။

အမေရိကန်အနေဖြင့် နိုင်ဂျီးရီးယား စူးစမ်းထောက်လှမ်းသူများကို အကြမ်းဖက် တိုက်ခိုက်မှု ဆန့်ကျင်ရေးများတွင် အကူအညီပေး ရန် ပြောဆိုထားပြီးသတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် နိုင်ဂျီးရီးယား၏ ထောက်လှမ်းရေး လုပ်ငန်းများကို တိုးတက်စေခြင်း လည်း ပါဝင်ကြောင်း မစ္စတာကာနေး၏ ပြောဆိုမှုတွင် ပါဝင်ခဲ့သည်။

ဘိုကိုဟာရမ်အဖွဲ့ခေါင်းဆောင် အဘူဘာကာရှီကာယူမှ AFP သတင်းဌာနသို့ ဗွီဒီယိုဖိုင် ပေးပို့ခဲ့ပြီး ၎င်းဗွီဒီယိုဖိုင်တွင် ၎င်းတို့ အဖွဲ့မှကျောင်းသူများအား ပြန်ပေးဆွဲခဲ့ကြောင်း ပြောဆိုထားသည်။ အနောက်တိုင်း ပညာရေးမှာ ဒုစရိုက်ပြစ်မှုဟု အဓိပ္ပာယ်ရသည့် ဘိုကိုဟာရမ်အဖွဲ့သည်နိုင်ဂျီးရီးယား မြောက်ပိုင်းတွင် ပညာရေးဆိုင်ရာ သင်တန်းကျောင်းများကို တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

မိန်းကလေးများ အနေဖြင့် အစပိုင်းကတည်းက ကျောင်းများတွင် မရှိသင့်ဘဲ လက်ထပ်ထိမ်းမြားမှုကိုသာ ပြုလုပ်သင့်ကြောင်း ၎င်းဗွီဒီယိုဖိုင်၌အဘူဘာကာရှီကာယူမှ ပြောဆိုထားသည်။ “ သူတို့ကို ရောင်းချဖို့အတွက် ဘုရားသခင်က ကျွန်တော့်ကို ညွှန်ပြ ထားပါတယ်။ သူတို့ဟာဘုရားသခင် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ညွှန်ပြချက်အတိုင်း ကျွန်တော် လုပ်ဆောင်သွား မှာပါ ” ဟု ပြောကြားသွားသည်။

အချို့သော ကျောင်းသူများမှာ အမည်ခံ သတို့သမီးကြေး အမေရိကန် ၁၂ ဒေါ်လာ ပေးနိုင်သည့် ပြန်ပေးဆွဲသူများကို လက်ထပ်ရန် အတွက်ဖိအားပေးခံခဲ့ရကြောင်း ပြီးခဲ့သော သီတင်းပတ်က သတင်းများ ထွက်ပေါ်ခဲ့သည်။ အခြားသူများအား ကင်မရွန်းနှင့် ချဒ်နိုင်ငံများ အတွင်းသို့နယ်စပ်ဖြတ်ကျော်ပြီး ခေါ်ဆောင်သွားကြကြောင်း သိရှိရသည်။

ကျောင်းသူများမှာ ချီဘော့ရှိ ကျောင်းတွင် နောက်ဆုံးနှစ် ဖြစ်ကြပြီး အများစုမှာ အသက် ၁၆ နှစ် နှင့် ၁၈ နှစ်ကြားတွင် ဖြစ်ကြသည်။

Ref: BBC
The Myanmar Age

No comments:

Post a Comment

My Blog List