Wednesday, May 07, 2014

ရခိုင်ပြည်နယ်ရှိ ကလေးသူငယ်များအရေး ယူနီဆက် ကူညီမည်


ကုလသမဂ္ဂကလေးများ၇န်ပုံငွေအဖွဲ့ (UNICEF)က ရခိုင်ပြည်နယ်အတွင်းရှိ  ကလေးသူငယ်များ ဖွံဖြိုးမှု ဆိုင်ရာ လုပ်ငန်းများအတွက် ၂၀၁၄-၂၀၁၅ နှစ်များတွင် အမေရိကန်ဒေါ်လာ၁၂သန်း အသုံးပြုသွား မည်ဖြစ်ပြီးကြောင်းသိရသည်။

အဆိုပါလုပ်ငန်းကို  မြန်မာအစိုးရနှင့်ပူးပေါင်းဆောင်ရွက် ပြီး ကလေးငယ်များ အသက်ရှင်သန်ရေးနှင့် ဖွံဖြိုးရေး ၊ ပညာရေး၊ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊စသောလူသားချင်း စာနာထောက် ထားသော အထောက်အပံ့နှင့်ဖွံဖြိုး တိုးတက်ရေး အထောက်အပံ့နှစ်ခုစလုံးကိုပါ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအစီအစဉ်များအရ ရခိုင်ပြည်နယ်အတွင်း နေရာမဲ့ပြည်သူများအတွက် လူသားချင်းစာနာမှု လိုအပ် ချက်များ ဖြည့်ဆည်းပေးရုံသာမကဘဲ သန့်ရှင်းသောရေနှင့်မိလ္လာကို ရရှိရေးအတွက် ရပ်ရွာအခြေပြုရေ၊ မိလ္လာနှင့် တကိုယ်ရေသန့်ရှင်းရေးမြှင့်တင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်မည်ဖြစ်ပြီး၊ ကျောင်းများနှင့်ဆေး ခန်းများကို ကလေးသူငယ်များနှင့်အကာအကွယ်မဲ့ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကူကိရိယာ များဖြင့် ထောက်ပံ့ပေးသွားရန်စီမံကိန်းများ ရေးဆွဲထားကြောင်း သိရသည်။

တစ်ချို့သောဒေသခံ ရခိုင်တိုင်းရင်းသားများ၏ NGO အဖွဲ့အစည်းများအပေါ်ထင်မြင်ယူဆချက်များကို ယူနီဆက် ဌာနေကိုယ်စားလှယ်မစ္စတာဘက်ထရော(န်)ဘန်းဗဲ(MR.BERTRAND BAINVEL)က “ကျနော်တို့အကူအညီပေးရေးအဖွဲ့မှာဘယ်လူမျိုးကို အကူအညီပေးမယ်လို့ခွဲခြားမှုမရှိပါဘူး ဘယ်ကလေးက အကူအညီလိုအပ်လဲ၊ဘယ်ကလေးက ပိုပြီးဒုက္ခရောက်နေလဲ အဲဒီအချက်တွေကို ကြည့်ပြီးကူညီသွားမှာပါ။ဒေသခံတွေရဲ့(UN)အပေါ်အထင်အမြင်လွဲမှားနေမှုတွေကောလဟာလတွေကို သတင်းဌာနတွေအနေနဲ့ ဖြေရှင်းပေးစေလိုပါတယ် ရှေ့လုပ်ငန်းတွေကိုလည်း သတင်းဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ ” ဟုပြောသည်။

ကလေးသူငယ်များကာကွယ်ရေးအစီအစဉ်အရ မိန်းကလေးများနှင့် ယောင်္ကျားလေးများအား အလွဲ သုံးစားပြုချင်း ခေါင်းပုံဖြတ်ချင်း၊အကြမ်းဖက်ချင်း ပုံစံမျိုးစုံတို့ကိုကာကွယ်ရန်နှင့် လေးသူငယ်များအတွက် မိသားစုအခြပြုစောင့်ရှောက်မှုမြင့်တင်ရေး၊ ပိုမိုကောင်းမွန်သော ရောဂါစီမံခန့်ခွဲရေးစနစ်ထူထောင်ရေး၊ ဥပဒေကြောင်းအရ ကလေးသူငယ်များအား ကာကွယ်နိုင်ရန် ရဲတပ်ဖွဲ့နှင့်တရားစီရင်ရေးစနစ်တို့တွင် လက်တွဲဆောင်ရွက်ရန်၊ စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ ကာကွယ်ရေးလှုပ်ရှားမှုကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 

ချမ်းမင်းဟန်။
The Myanmar Age

No comments:

Post a Comment

My Blog List