Tuesday, May 06, 2014

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် KNU တို့တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက်ဆွေးနွေး



တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့နှင့် KNU တို့သည် ရန်ကုန်မြို့ရှိ ဦးခွန်ထွန်းဦး နေအိမ်တွင်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။ထိုဆွေးနွေးပွဲတွင် ဦးခွန်ထွန်းဦး (SNLD)နှင့် ဒေါ်နော်စီဖိုးရာစိန် (KNU ဒုဥက္ကဌ)၊ ဦးစောသမိန်ထွန်း(KNU ဗဟိုကော်မတီဝင်)၊ဦးစောလစ္စ တန် (KNU ဗဟိုကော်မတီဝင်)၊ဒေါ်ဘလူးမင်းနိုက်ဇန် (KWO ဗဟိုကော်မတီဝင်)တို့ပါဝင်ကြောင်းသိရ သည်။

“ဆွေးနွေးတာကတော့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး၊ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲရေးအတွက် တိုင်ရင်းသားတွေ ပူးပေါင်းဆောင်ရွက်ရေးပေါ့။အပစ်အခတ်ရပ်စဲရေးအတွက် စည်းမျဉ်း စည်းကမ်းတွေကို နှစ်ဖက်စလုံးက လိုက်နာမှ ငြိမ်းချမ်းရေးက ခိုင်မာမှာပါ အခုကသဘောတူညီချက်ပဲရှိသေးတာနောက်ပြီး ဆွေးနွေးနေတဲ့အချိန်မှာ အပစ်အခတ်မရှိသင့်ပါဘူး ” ဟု ဒေါ်နော်စီဖိုးရာစိန်က ပြောသည်။

KNU နယ်မြေအတွင်းတစ်ခါတရံတိုက်ပွဲငယ်များဖြစ်ပွားရချင်းနဲ့ပတ်သတ်ပြီး “ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးကတည်းက ကေအန်ယူနယ်မြေမှာတိုက်ပွဲက မရှိသလောက်ပဲ။ အောက်ခြေမှာဖြစ်တာ ကတော့ သတ်မှတ်ထားတဲ့ လမ်းကမသွားပဲ အခြားလမ်းကသွားလို့ ထိပ်တိုက်တွေဆုံမှုလေးတွေဖြစ်တာပါ။ဒါကလဲ ငြိမ်းချမ်းရေးကို မထိခိုက်နိုင်ပါဘူး” ဟု ကေအန်ယူဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစော သမိန်ထွန်း က ပြောသည်။

တိုင်းရင်းသား အခွင့်အရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေကော လက်နက်မကိုင်တဲ့ အဖွဲ့ အစည်းတွေနဲ့ပါ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊စစ်မှန်သော ဒီမိုကရေစီ၊တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးရရှိရေး၊စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာအောင် တိုင်းရင်းသားတွေပါဝင်ရ မည် ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို တက်မည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

SNLD မှဦးခွန်ထွန်းဦးကလည်း “ ဘယ်လိုအောင်အောင် မြင်မြင် ဖြစ်အောင်လုပ်မလဲလို့ဆွေးနွေးတာပါ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်မယ် တစ်ပြည်လုံးငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ချင်ပါတယ်” ဟုပြော သည်။

KNU အဖွဲ့မှခေါင်းဆောင်များသည် မြောင်းမြ၊ချောင်းသာ တို့မှ ပြည်သူများနှင့်သွားရောက်တွေ့ဆုံ မည်ဖြစ်ပြီး မေ (၁၀)ရက်နေ့တွင် ရန်ကုန်မြို့မှထွက်ခွာ၍ ကျောက်ကြီးနှင့်ဘားအံမြို့နယ်တို့မှ ပြည်သူများနှင့် လည်းတွေ့  ဆုံမည် ဖြစ်ကြောင်းသိရသည်။      

ချမ်းမင်းဟန်
The Myanmar Age

No comments:

Post a Comment

My Blog List