Wednesday, May 07, 2014

အရှေ့ဆီးရီးယားတွင် ဂျီဟတ်အချင်းချင်း တိုက်ခိုက်သဖြင့် ၇၄ ဦးသေဆုံး


ဆီးရီးယားတွင် အာဆတ်အစိုးရ ကို လက်နက်ကိုင် တိုက်ခိုက်လျက် ရှိသော သူပုန်များတွင် အယ်လ်ကေဒါ လက်အောက်ခံ ဂျီဟတ်သမားများလည်း ပါဝင်ရာ ၄င်းတို့အချင်းချင်း တိုက်ခိုက်မှုများကြောင့် စုစုပေါင်း လူ ၇၄ ဦး သေဆုံးခဲ့ရသည်။

အယ်လ်ကေဒါ အစွန်းရောက် အဖွဲ့အစည်း၏ အကြီးအကဲက မွတ်ဆလင် စစ်သားအချင်းချင်း အပစ်အခတ် ရပ်စဲကြရန် အမိန့်ထုတ်ထားသော်လည်း ယင်းသို့ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းက ကြေညာထားသည်။

အယ်လ်ကေဒါ အဖွဲ့အစည်း၏ ဆီးရီးယားအဖွဲ့ခွဲ အယ်လ်နူစရာနှင့် အယ်လ်ကေဒါ လက်အောက်ခံပင် ဖြစ်သော အစ္စလာမ္မစ်အီရတ်နိုင်ငံတော်တို့က နောက်ထပ်တစ်ဖွဲ့ ဖြစ်သော Levant ISIL တို့နှင့် တိုက်ခိုက် ခဲ့ရာ လူပေါင်းခြောက်သောင်းကျော် တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။

နှစ်ဖက်ဂျီဟတ် အင်အားစုများမှ တိုက်ခိုက်ရေးသမား စုစုပေါင်း ၆၉ ဦး သေဆုံးခဲ့ကာ အရပ်သားငါးဦး သေဆုံး ခဲ့ရသည်ဟု ယင်းအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

အယ်လ်နူစရာအဖွဲ့က အီရတ်နယ်စပ်ရှိ ရွာတစ်ရွာကို သိမ်းပိုက်ခဲ့ပြီး ၄င်းတို့ဘက်မှ တိုက်ခိုက်ရေးသမား ၁၁ ဦးနှင့် ISIL အဖွဲ့မှ ၂၃ ဦးတို့ ယင်းတိုက်ပွဲတွင် သေဆုံးခဲ့ကြသည်။

ယင်းဒေသတွင်ပင် နောက်ထပ် တစ်ရွာ၌ သူပုန်ဂျီဟတ်များ အချင်းချင်း တိုက်ခိုက်ခဲ့ကြရာ အယ်လ်နူစရာ ဘက်မှ ၃၅ ဦး သေဆုံးခဲ့ရသည်။

အယ်လ်ကေဒါ လက်အောက်ခံ အယ်လ်နူစရာနှင့် သဘောထား အလယ်အလတ်ရှိသော သူပုန်များ ပူးပေါင်းကာ ISIL ကို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကာ ယင်း ISIL အဖွဲ့သည် အရပ်သားများနှင့် ပြိုင်ဘက်အတိုက်အခံ တိုက်ခိုက်ရေးသမား များကို တိုက်ခိုက်လေ့ရှိသည်ဟု စွပ်စွဲထားကြသည်။

ISIL နှင့် ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အယ်လ်ကေဒါခေါင်းဆောင် အေမန် အယ်လ်လ်ဇာဝါဟီရီက ဂျီဟတ်အဖွဲ့များ ညီညွတ်ပြီး အချင်းချင်း တိုက်ခိုက်မှုရပ်ကြရန် အမိန့်ထုတ်ထားသော်လည်း ယင်းအဖွဲ့များ အပြန်အလှန်ဆက်လက် တိုက်ခိုက်ကြ ဆဲဖြစ်သည်။

"အယ်လ်နူစရာအဖွဲ့ အနေနဲ့ ISIL ကို တိုက်ခိုက်တာကို ရပ်ပြီးတော့ ဆီးရီးယားအုပ်စိုးသူ ကိုသာ ပူးပေါင်း တိုက်ခိုက်ကြပါ" ဟု အယ်လ်ကေဒါ ခေါင်းဆောင်၏ မိန့်ခွန်းအသံဖိုင် ဂျီဟတ် အင်တာနက် စာမျက်နှာ များတွင် တက်လာခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List