Tuesday, May 06, 2014

နယ်ခြားစောင့် တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များအား ဗိုလ်မှူးအဆင့် မှ ဗိုလ်မှူးကြီးအဆင့် အထိ ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများ ခန့် အပ်


နယ်ခြား စောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များအား ဗိုလ်မှူးကြီးအဆင့်လေးဦး၊ ဒုတိယဗိုလ်မှူးကြီးအဆင့်  ငါးဦး၊ ဗိုလ်မှူးအဆင့် ခြောက်ဦးအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ထူး ဆောင် ပြန်တမ်းဝင်အရာရှိများအ ဖြစ် မေ ၅ရက်က ခန့်အပ်လိုက်ကြောင်း  တပ်မတော်ဆိုင်ရာ အသိုင်းအဝိုင်းမှ လာသော သတင်းများအရ သိရ သည်။


မေ ၅ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ပြုလုပ်သော နယ်ခြားစောင့်တပ်များ၏ ဗဟိုအ ကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များ အား ဂုဏ်ထူးဆောင်ပြန်တမ်းဝင်အ ရာရှိခန့်အပ်ခံရသည့် ပြန်တမ်း ဝင် အရာရှိများအဖြစ် ဦးဝေဆန်း၊ ဦး ထွန်းကျော်၊ ဦးစောထွန်းလှိုင်နှင့် ဦးစောချစ်သူတို့အား ဗိုလ်မှူးကြီးများ အဖြစ်လည်းကောင်း၊ ဦးကိုကိုဝင်း၊ ဦးစောကျော်ထူး၊ ဦးစောကြာအင်း၊ ဦး စောကျော် မြင့်နှင့် ဦးစောဒေါဒေါ တို့အား ဒုတိယဗိုလ်မှူးကြီးများအဖြစ် လည်းကောင်း၊ ဦးစောအောင်ချစ်၊ ဦးစောကြည်လင်း၊ ဦးမန်ကြာအေး၊ ဦးမန်းစောရွှေ၊ ဦးစောထက်ဝင်းနှင့် ဦး စောထွန်း အောင်တို့အား ဗိုလ်မှူး များအဖြစ်လည်းကောင်း ခန့်အပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ခန့်အပ်တာဝန်ပေးမှု နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ''နိုင်ငံတော်အသစ်တည်ဆောက်ရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ် ကြောင်း၊ မည်သည့်ဒီမိုကရေစီစနစ် မျိုးတွင်မဆို လက်နက်ကိုင်ပဋိပက္ခ နှင့် အကြမ်းဖက်မှုများကို လက်မခံ သည်ကို တွေ့ရှိရမည်ဖြစ်သလို ကမ္ဘာ ပေါ်တွင်ရှိသည့် ဖွံ့ဖြိုးပြီး နိုင်ငံတိုင်း၌ ပြည်တွင်းငြိမ်းချမ်းမှုကို ရယူ တည်ဆောက်ထားသည်ကိုတွေ့ရ မည်ဖြစ်ကြောင်း၊ ယနေ့မြန်မာ့ တပ်မ တော်သည်လည်း စစ်မှန်သော မျိုး ချစ်စိတ်၊ ပြည် ထောင်စု စိတ်ဓာတ်ကို အခြေခံ ပြီး ဖွဲ့စည်းထားသော တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော် စ တင်ဖွဲ့စည်းချိန်မှ ယနေ့အချိန်အ ထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ မိ မိတို့၏ အသိ စိတ်ဓာတ် ဖြင့် ပါဝင် အမှုထမ်းနေကြသော တပ်မတော် ဖြစ်ကြောင်း၊ တိုင်းရင်းသားများထဲက တပ်မတော်တွင် ဦးစီးချုပ်တာ ဝန် ထမ်းဆောင်ခဲ့ သည့်သူများရှိသကဲ့သို့ တိုင်းမှူးနှင့်အထက် အဆင့် မြင့်တာဝန်ထမ်းဆောင်နေသူများ ထဲတွင် လည်း တိုင်းရင်းသားများပါ ရှိသည်ကို တွေ့ကြရမှာဖြစ်ကြောင်း၊ ယနေ့တပ်မတော်သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြင့် တည် ထောင်ထားသည့် အမိမြန်မာနိုင်ငံ တော်ကို ကိုယ်စားပြုသည့် ''မြန်မာ့ တပ်မတော်''သာဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်း မည်သည့်လူမျိုး စုတစ်ခုတည်းကိုမျှ ကိုယ်စား ပြုခြင်း မရှိ သလို တိုင်းတစ်ပါး၏ လက်ဝေခံလဲ မဟုတ်ဘူး''ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့် တပ်မှ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အထွေထွေအတွင်း ရေးမှူးတို့ကို ဗိုလ်မှူးကြီးအဆင့်အဖြစ် လည်းကောင်း၊ အဖွဲ့ဝင်များ ထဲမှ သုံးဦး ကို ဗိုလ်မှူးကြီးအဆင့်နှင့် ခြောက်ဦးကို ဗိုလ်မှူးအဆင့် ခန့်အပ် ခဲ့ခြင်းဖြစ်သည်။

''ရာထူးတိုးမယ်ဆိုရင် အားလုံး ကို တစ်ပြေးညီ တိုးမြှင့်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် လက်အောက် ငယ်သားအချင်းချင်း အထင်အမြင် မှားနိုင်ပါတယ်'' ဟု ယင်းနယ်ခြား စောင့်တပ် အရာရှိ တစ်ဦး က မှတ် ချက်ပြုသည်။

ကရင်ပြည်နယ်နယ်ခြားစောင့် တပ်အဖြစ် တာဝန်ယူထားသည့်တပ် တွင် ဗိုလ်မှူးကြီးစောချစ်သူဦးဆောင် သည့် လက်နက် ကိုင်အဖွဲ့သည် ယခင် က ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) မှခွဲ ထွက်ကာ တိုးတက် သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ)အဖြစ် ထူထောင်ခဲ့ပြီး ၂၀၀၉ခုနှစ်တွင် အစိုးရ၏ နယ်ခြား စောင့်တပ်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြံပေးအရာရှိ ဦးလှမောင်ရွှေက အထက်ပါရာထူးတိုးမြှင့်ခြင်းနှင့်ပတ် သက်၍ ''ပြောင်းလဲလာတဲ့ နိုင်ငံ ရေးအခင်းအကျင်းမှာ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး လုပ်ဆောင်တယ်လို့ မှတ်ယူတယ်''ဟု မှတ်ချက်ပေးသည်။

Yangon Media Group 

No comments:

Post a Comment

My Blog List