Wednesday, May 07, 2014

အာဏာအလွဲသုံးစားမှုဖြင့် ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ရန် အမိန့်ချ



ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစား မှုနဲ့ ရာထူးကနေ နုတ်ထွက်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၆နဲ့  ၂၆၈ အရ ၀န်ကြီးချုပ် တာဝန်ကို ဆက်ထမ်းဆောင်ဖို့ အရည်အချင်း ပျက်ယွင်းတယ်လို့ တခဲနက် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

အာဏာအလွဲသုံးစားမှုကို အထက်လွှတ်တော်အမတ်တဦး က ခေါင်းဆောင်ပြီး အဖွဲ့က ခုံရုံးကို မတ်လက တင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ  မစ္စတာ သာဝီကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ရာထူး ပြောင်းရွှေ့ခဲ့တာ ဥပဒေနဲ့ မညီ၊ တရားမျှတမှု မရှိဘူးလို့ ဆိုပြီး တင်ပြခဲ့တဲ့ အမှုကို ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး တရားသူကြီးတွေက ကန့်ကွက်သူ မရှိ ထောက်ခံ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ သာဝီကို နဂိုရာထူးမှာ ပြန်ထားဖို့ကိုလည်း ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ မစ္စတာ သာဝီ ကို ဖယ်ရှားခဲ့ပြီးနောက်မှာ ရဲချုပ်အသစ်အဖြစ် ၀န်ကြီးချုပ် ယင်းလပ်နဲ့ ဆွေမျိုးတော်စပ်တဲ့ ၀ီချီယန်က တာဝန်ယူခဲ့ပါတယ်။

မေ ၆ ရက်နေ့မှာ ဖွဲ့စည်းပုံခုံရုံးက ၀န်ကြီးချုပ် ယင်းလပ်၊ မစ္စတာ သာဝီ၊ ရဲချုပ် ၀ီချီယန်နဲ့ အထက်လွှတ်တော် အမတ် ပိုင်ဘွန်းတို့ကို စစ်ဆေးပါတယ်။

အထက်လွှတ်တော်အမတ်က ဒီလို တာဝန်အလွှဲအပြောင်းဟာ ၀န်ကြီးချုပ်က ဆွေမျိုးတော်တဲ့ လူတယောက် ကို ရဲချုပ်ခန့်ချင်လို့ အာဏာကို အလွဲသုံးစား လုပ်ခဲ့တာလို့ ထွက်ဆို ခဲ့တယ်လို့ ဘန်ကောက်ပို့သတင်းစာမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်က ချေပရာမှာတော့ အာဏာအလွဲသုံးစားလုပ်တာ မဟုတ်ဘဲ ဥပဒေအရ လုပ်ပိုင်ခွင့် အာဏာကို သုံးခဲ့တာလို့ ဆိုပါတယ်။ ယင်းလပ်ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လမှာ ၀န်ကြီးချုပ်အဖြစ် ပထမဆုံး ကျမ်းသစ္စာကျိန်ဆိုပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကြောင့် အရင်လတွေကတည်းက ၀န်ကြီးချုပ်ကနေ နုတ်ထွက်ထားပြီး အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် တာဝန်ဆက်ယူနေတာ ဖြစ်ပါတယ်၊

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၆ လကြာနေပြီး ဖြစ်သလို ၀န်ကြီးချုပ် ယင်းလပ်ကို ထောက်ခံတဲ့သူတွေက တကယ်လို့ တရားရုံးက ၀န်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားလိုက်ရင် တုံ့ပြန်မယ်လို့ ကြုံးဝါးထားတဲ့အတွက် ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။

DVB

No comments:

Post a Comment

My Blog List