Zillion Business Services Ltd မှ ကြီးမှူးကျင်းပ သော Miss Myanmar Internet အငြိမ့်ကို နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့နှင့်အတူ အာရှ၏ ဟာသအဖွဲ့တို့က ဇွန် ၁ ရက်တွင် ပြည်သူ့ရင်ပြင် People Parks & People Square ကွင်း(၂)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါအငြိမ့်ပွဲနှင့်ပတ်သက်ပြီး ဟာသသရုပ်ဆောင် ကျော်ထူးက ''ကျွန်တော်တို့အငြိမ့်ကို ကြိုးစားပြီး တင်ပြသွား မှာပါ။ ခင်ဝင့်ဝါနဲ့ နန်းခင်ဇေယျာကိုလဲ ဆရာ၊ ဆရာမတွေ နဲ့ အကတွေကို သေချာသင်ခိုင်းထားပါတယ်။ ကျွန်တော်တို့ ဘက်ကလဲ ပြက်လုံးတွေကို သေချာဂရုတစိုက် လုပ်ထားပါ တယ်။
အငြိမ့်လောကမှာ ပြိုင်ပွဲဝင်တာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် တက်လာတဲ့အဖွဲ့တွေက မော်တော်ပီကယ်မကောင်း ကြောင်း၊ အုပ်ချုပ်ရေးမှူး မကောင်းကြောင်း ပြက်လုံးထုတ်ကြတယ်။
နောက်တစ်ဖွဲ့လာလဲ ဒါပဲ၊ နောက်တစ်ဖွဲ့လာလဲ ဒါပဲ၊ အပ်ကြောင်း တွေ ထပ်နေပါပြီ။ ကျွန်တော်တို့က အဲဒီအပ်ကြောင်းတွေထဲက ခွဲထွက်ပြီးတော့ ပရိသတ်တွေရင်ထဲကိုရောက်စေမယ့် ပြက်လုံးတွေကို တင်ဆက်သွား မှာပါ''ဟု ပြောသည်။
ထူးထူးခြားခြား တင်ဆက်သွားမည်ဖြစ်သည့် အဆိုပါအငြိမ့် ပွဲကို ဇွန် ၁ ရက် ည ၇ နာရီမှ ၁၁ နာရီအထိ ကျင်းပ သွားမည်ဖြစ်ပြီး အခမဲ့အငြိမ့်ပွဲဖြစ်ကြောင်း သိရသည်။
Yangon Media Group

No comments:
Post a Comment