Thursday, May 08, 2014

နိုင်ငံသစ်တည်ဆောက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး မရှိမဖြစ် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော


ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် ပြည်တွင်းငြိမ်း ချမ်းရေးမရှိမဖြစ်လိုအပ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားသည်။ပြီးခဲ့သည့် မေ ၅ ရက်က နေပြည် တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် ပြု လုပ်သော နယ်ခြားစောင့်တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များအား ဂုဏ်ထူးဆောင်ပြန်တမ်းဝင် အရာရှိခန့်အပ်ခြင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး ကပြော ကြားခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရ၏လမ်းညွှန်မှုနှင့်အတူ ခေတ်မီဖွံ့ဖြိုးတိုးသော ဒီမိုကရေ စီနိုင်ငံတော် သစ်ထူထောင်ရာတွင် တက်ကြွစွာပူး ပေါင်းဆောင်ရွက်လျက်ရှိပြီး အဓိက လိုအပ်ချက်တစ် ရပ်ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း လက်တွေ့အကောင်အထည်ဖော်နေကြောင်း ပြောကြားခဲ့ သည်ကို ကာကွယ်ရေးဝန် ကြီးဌာန ဝက်ဘ်ဆိုက်မှ သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ခုနှစ် ပုဒ်မ-၃၃၈တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည်တပ်မတော်၏ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟု ပြဋ္ဌာန်းထား သောကြောင့် ၄င်းပြဋ္ဌာန်းချက်နှင့် အညီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား ၂ဝဝ၉ ခုနှစ် ဧပြီ ၂၈ ရက်မှစ၍ တပ်မတော် ကွပ်ကဲမှုအောက် နယ်ခြားစောင့်တပ် BGF နှင့် ပြည် သူ့စစ်အဖြစ်အသွင်ကူးပြောင်းရေး ဆောင်ရွက်ခဲ့ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြား စောင့်တပ် ၂၃ တပ်နှင့် အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ၈၄ ဖွဲ့အဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ကဆိုသည်။

လက်ရှိတွင်တော့ ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်ရေးအတွက် တပ်မတော်အပါအဝင် လက်နက်ကိုင် တိုင်းရင်းသားများအဖွဲ့အစည်းများ၊ မြန်မာ့အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်ပညာ ရှင်များပူးပေါင်းဆွေးနွေးနေ ကြသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးအဆင့်ကိုပင် အကြိတ်အနယ် ဆွေးနွေးနေရဆဲဖြစ်ပြီး ယင်းသို့ဆွေး နွေးနေစဉ်ကာလတွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက် ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ပြင် တပ်မတော်သည် ပြည် သူ၊ ပြည်သား၊ တိုင်းရင်းသားအားလုံး ပါဝင်သည့် ပြည်ထောင်စုတပ်မတော် ဖြစ်သောကြောင့် တပ်မတော်၏ ရပ်တည်ချက်၊ တည်ရှိမှုနှင့်ဖွဲ့စည်းမှုများကို မဟုတ်မမှန်စွပ်စွဲပြောဆိုနေ မှုများ၊ မှေးမှိန်အောင်လုပ်နေမှုများ၊ သွေးခွဲ နေမှုများကို တပ်မတော်အနေဖြင့် လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး က အတိအလင်းပြောဆိုသွားခဲ့သည်။

လွင်ပြင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၇)
Yangon Media Group

No comments:

Post a Comment

My Blog List