Wednesday, May 07, 2014

အိုဘားမား အာရှခရီးစဉ် အကျိုး အမြတ်


ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အာရှခရီးစဉ်အဖြစ် လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားရဲ့ လေးနိုင်ငံ အလည်အပတ်ခရီး စဉ်ဟာ နိုင်ငံတကာရေးရာ လေ့လာသုံးသပ်သူများအတွက် အမျိုးမျိုးရှုမြင်သုံးသပ်စရာဖြစ်ခဲ့ပါတယ်။ ဘုံတူအမြင် သဘောထားတစ်ရပ်လို့ ဆိုနိုင်တာကတော့ တောင်တရုတ်ပင်လယ်မှာ လျင် မြန်စွာ ကြီးထွားလာပြီး စစ်ရေးအင်အားနဲ့ ရန်လိုဗိုလ် ကျဟန်ပြုလာတဲ့ တရုတ်နိုင်ငံကို အမေရိကန်က သတိ ပေးခြင်းဖြစ်တယ်လို့ဆိုတဲ့ အချက်ပါ။

ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ် ပိုင် လေးနိုင်ငံ အလည်အပတ်ခရီး စဉ်အတွင်း အိုဘား မားက အာရှဒေသတွင်း မဟာမိတ်နိုင်ငံများကို စစ်ရေးအရ အပြည့်အဝကာကွယ်ပေးဖို့ အတိအလင်းကတိ ပြုခဲ့ပါ တယ်။ အာရှဒေသတွင်းမဟာမိတ်နိုင်ငံတွေက အီဂျစ်နဲ့ အရှေ့အလယ်ပိုင်းအရေးသာ အာရုံစိုက်နေတဲ့ အမေရိကန်အပေါ် ယုံကြည်မှုအားနည်းလာခြင်းကို အိုဘားမားက မဟာဗျူဟာမြောက်ပြောင်းလဲပစ်ဖို့ ကြိုးစားလာခြင်းဖြစ်ပါတယ်။ 

တစ်ဖက်ကကြည့်ရင် အိုဘား မားအစိုးရအဖွဲ့ဟာ နိုင်ငံခြားရေးရာကဏ္ဍမှာ အရေး မလှ ဝေဖန်ခံနေရ ချိန်ဖြစ်ပြီး ခရိုင်းမီးယားအရေးက အိုဘားမားအစိုးရကို ပိုလို့ဖိအားဖြစ်နေချိန်ပါ။ ဒီလို အချိန်မှာ အိုဘားမား အနေနဲ့ အာရှ-ပစိဖိတ်နိုင်ငံခြား ရေးရာဘက်ဦးလှည့်ကာ ထွက်ပေါက်ရှာလာတဲ့သဘောလို့ ယူဆရဖွယ်ရှိ ပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားလာမှုကလည်း အို ဘားမားအစိုးရ အတွက် မဖြစ်မနေ ထိန်းကျောင်းကိုင်တွယ်မယ့် အခြေအနေတစ်ရပ်ဖြစ်စေတာကလည်း တစ်ကြောင်း ပါဝင်နိုင်ပါတယ်။ 

ဆီးရီးယားအရေးကိုင်တွယ်ရာမှာ နှောင့်နှေးနေမှု၊ ခရိုင်းမီးယားအရေးမှာ မပြတ်သားမှုတွေကြောင့် ဝေဖန်မှု များနဲ့ရင်ဆိုင်နေရတဲ့ အိုဘားမားအစိုးရအဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသ နည်းဗျူဟာပိုင်းမှာလည်း မဟာမိတ်နိုင်ငံများရဲ့သံသယတွေကို အမှန်တကယ်ကင်းရှင်းသွားအောင် စွမ်းဆောင်နိုင်ဖွယ်မရှိဘူးလို့ အရှေ့တောင်အာရှအရေးလေ့လာသူ နိုင်ငံတကာ မဟာဗျူဟာမြောက်ဆက်ဆံရေးစင်တာက မစ္စတာ အန်းနစ်ဘိုဝါက သုံးသပ်ပါတယ်။

နောက်တစ်ချက်ကတော့ အမေရိကန်ရဲ့ အာရှစီးပွားရေးကုန်သွယ်မှု မဟာဗျူဟာမြောက်လုပ် ငန်းစဉ် များဖြစ်ပါတယ်။ အမေရိကန်ဟာ အာရှ-ပစိဖိတ် ဒေသကို စစ်ရေးအရ အခြေပြုထားခြင်းဖြစ်ပေမယ့် အိုဘားမားရဲ့ အာရှခရီးစဉ်မှာ စီးပွားရေးအရ အောင် မြင်မှု အနည်းငယ်တောင်မရှိခဲ့ပါဘူး။ အိုဘားမားရဲ့ ပထမဦးဆုံး နိုင်ငံခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကိုလည်ပတ် ခဲ့ပြီွးှဏဗနွဲှ့ဏဏစီးပွားရေးကုန်သွယ်ရေး ဆွေးနွေးမှု များမှာ ထူးခြားမှုမရှိခဲ့တာတွေ့ရပါတယ်။ ဂျပန်နိုင်ငံကို တရုတ်နဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုပြဿနာများက ကာကွယ်ပေးရန်အတွက် ကတိပြုခဲ့ရခြင်းသာ ရှိခဲ့ပါ တယ်။ ဒုတိယမြောက်နိုင်ငံ တောင်ကိုရီးယားခရီးစဉ်မှာ လည်း အိုဘားမားကသာ မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်လိုခြိမ်းခြောက်မှုများကို အကာအကွယ်ပေးရန်ပဲ အာမခံခဲ့ရပြီး ဘာမှထူးခြားမှုမရှိခဲ့ပါဘူး။ မလေးရှား နိုင်ငံမှာတော့ ၁၉၆၆ခုနှစ် လင်ဒန်ဂျွန်ဆင်နောက်ပိုင်း ပထမဦးဆုံး အမေရိကန်သမ္မတတစ်ဦးလာရောက်လည် ပတ်မှုအဖြစ် ထူးခြားမှုရှိခဲ့ရုံက မပိုခဲ့ပါဘူး။ မလေးရှား နိုင်ငံဟွှာဏဏ ကုန်သွယ်ရေးသဘောတူညီချက်ကို ငြင်းဆန်နေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အို ဘားမားရဲ့ အဆုံးသတ်ခရီးစဉ်ကတော့ ဖိလစ်ပိုင်နိုင်ငံ ဖြစ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံကတော့ အနည်းငယ်ထူးခြားမှုရှိ ခဲ့ပါတယ်။ 

ဖိလစ်ပိုင်အစိုးရအာဏာပိုင်များနဲ့ အမေရိ ကန်သံအမတ်တို့ဟာ အိုဘားမား ဖိလစ်ပိုင်ကိုမရောက် ရှိမီ နာရီပိုင်းအလိုမှာပဲ နှစ်နိုင်ငံစစ်ရေး သဘောတူ ညီမှုစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့ ၁ဝနှစ် သက်တမ်းရှိ လုံခြုံရေးဆိုင်ရာ သဘောတူညီစာချုပ်ချုပ် ဆိုနိုင်ခဲ့မှုကြောင့် အမေရိကန်စစ်တပ်အနေနဲ့ ဖိလစ် ပိုင်အခြေစိုက်စစ်စခန်းများကို ပိုမိုအသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်ရေပြင်နဲ့ ဝေဟင်ပိုင် နက်များအတွင်း အမေရိကန်တပ်မတော်ရေယာဉ်၊ လေယာဉ်များ ဖြတ်သန်းသွားလာခွင့်ရရှိမှာဖြစ်တဲ့ အတွက် ဒေသတွင်းလုံခြုံရေးအတွက် အိုဘားမား ကတိပြုမှုကို ပိုမိုအရောင်တင်ပေး နိုင်ဖွယ်ရှိပါတယ်။

အာရှခရီးစဉ်အတွင်း အိုဘားမားအစိုးရရဲ့ ဦးတည်ချက်ဟာ ခရီးစဉ်ပြီးဆုံးသွားချိန်မှာ စစ်ရေးအရ သာ နိဂုံးချုပ်ခဲ့ပြီး စီးပွားရေးအရ ဘာမျှထူးထူးခြားခြား မရှိခဲ့ပါဘူး။ မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်လိုမှု၊ တရုတ် နိုင်ငံရဲ့ ဗိုလ်ကျမှုတွေက မဟာမိတ်နိုင်ငံများကို အပြည့် အဝကာကွယ်ပေးဖို့ ကတိပြုပေးခဲ့ရပြီး အမေရိကန် စီးပွားရေးအတွက် ကုန်သွယ်ရေး သဘောတူညီချက်ကို ခရီးပေါက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါ ဘူး။ ဒါဟာ တစ် ဖက်လှည့် အာရှ-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက် ခရီးစဉ်အတွက် အိုဘားမားအစိုးရကို ဝေဖန်စရာ ပိုဖြစ် ခဲ့ပါတယ်။ 

အာရှအရေး တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ ပင်တဂွန်စစ်ဌာနချုပ်အရာရှိတစ်ဦးဖြစ်တဲ့ မစ္စတာဘရိန်း ဟက်ဒင် ကလည်း ယင်းအချက်ကို ထောက်ပြဝေဖန်ခဲ့ ပါတယ်။အာရှခရီးစဉ်အတွင်း ရုရှားကို ပိုမိုအရေးယူ ပိတ်ဆို့မှုများပြုလုပ်ရန်စီမံခဲ့တဲ့ အိုဘားမားဟာ ခရီးစဉ် ပြီးဆုံးလို့ ဝါရှင်တန်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ် သလို ခရိုင်းမီးယားအရေးကို ပြန်လည်အာရုံစိုက်ရဖွယ် ရှိနေပါတယ်။ 

အာရှခရီးစဉ်အပြန် အိုဘားမားရဲ့ စွမ်းဆောင်ရည်ရလဒ်ကိုတော့ ဝါရှင်တန်ပို့စ်နဲ့ အေဘီစီသတင်းဌာနတို့ရဲ့ ထောက်ခံမဲအရေအတွက်က သက် သေပြထားပါတယ်။ ဒါကတော့ အိုဘားမားကို ထောက်ခံတဲ့မဲအရေ အတွက်ဟာ တစ်နှစ်တာရဲ့ ပထမသုံးလအတွင်း၄၆ရာခိုင်နှုန်းက ၄၁ရာခိုင်နှုန်းကျဆင်းသွားခြင်းပဲဖြစ် ပါတယ်။

Yangon Media Group

No comments:

Post a Comment

My Blog List