Thursday, May 08, 2014

ဘင်္ဂါလီလူဦးရေ ၁.၃၃သန်းမှာ ၃သောင်းကျော်ပဲ သန်းခေါင်စာရင်း ထည့်သွင်း


၂ဝဝ၉ခုနှစ် စာရင်းအရ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ လူဦးရေ ၁.၃၃သန်းရှိတဲ့အထဲ သန်းခေါင်စာရင်းမှာတော့ ရခိုင်ပြည်နယ်က ၂သောင်းအပါအဝင် ဘင်္ဂါလီလို့စာရင်းပြသူ ၃သိန်း၂သောင်းလောက်ပဲ ရှိတယ်လို့ ဦးခင်ရီက ပြောပါပြီ။ နာမည်စာရင်းသွင်းဖို့ အငြင်းပွားမှု ကိုယ်တိုင်သွားရှင်းတော့မယ်လို့ သူကဆိုပါတယ်။

ဘင်္ဂါလီ (ဒါမှမဟုတ်) ရိုဟင်ဂျာဆိုတဲ့ အမည်နာမပြဿ     နာ ကို ဌာနဆိုင်ရာအဆင့်မှာ ညှိနှိုင်းတာအဆင် မပြေလို့ သူကိုယ်တိုင် အခုသီတင်းပတ်ထဲ ရခိုင်ပြည်နယ်ကိုသွားပြီး ဖြေရှင်းမှာဖြစ်သလို မအောင်မြင် ရင်တော့ မညှိနှိုင်းတော့ ပဲ သန်းခေါင်စာရင်းကို အပြီးသတ်တော့မယ်လို့ ဆိုပါတယ်။

နည်းပညာနှောင့်နှေးလို့ ရခိုင်နဲ့ ကချင်မှာ မေလကုန်အထိ သန်းခေါင်စာရင်းတွေ ဆက်ကောက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီလို့ နှစ်ခုစလုံး ပြောဖို့ခက်တယ်ဆိုရင် လူမျိုးနေရာ ချန်လှပ်ပေးသွား မှာဖြစ်ပြီး ရိုဟင်ဂျာဆိုတဲ့နာမည်ကိုတော့ လက်မခံဘူးလို့ ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာ မေလ ၇ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ နိုင်ငံရေးပြဿ နာဖြစ်တာကြောင့် နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီးမှ သန်းခေါင် စာရင်း ပြန်ကောက်ဖို့ အကြံပေးအဖွဲ့ ITAB က အကြံပေးထားတယ်လို့ ဆိုပါတယ်။ ၁၉၈၃ခုနှစ် သန်းခေါင် စာရင်းတုန်းက ကျေးရွာပေါင်း ၁သောင်းကျော်က လူတစ်သန်းကျော်လောက်ကို မကောက်နိုင်ခဲ့ဘဲ ကချင်ပြည်နယ်က ရွာ ၉၇ရွာကလွဲပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ ကောက်နိုင်ခဲ့ တယ်လို့ ဦးခင်ရီက ဆိုပါတယ်။

လူဦးရေ အကြမ်းဖျဉ်းစာရင်းကိုတော့ လာမယ့် သြဂုတ်မှာ ထုတ်ပြန်မှာဖြစ်ပြီး တစ်နိုင်ငံလုံး သန်းခေါင် စာရင်း ကောက်ယူမှုလုပ်ငန်းအားလုံး ၂ဝ၁၅ မေလမှာ အဆုံးသတ်မယ်လို့ ဆိုပါတယ်။

Kamayut Media 

No comments:

Post a Comment

My Blog List