Friday, May 09, 2014

RCSS ရုံး ဝင်ရောက်စစ်ဆေးမှု ဖြေရှင်းချက်ပေးဖို့ အစိုးရထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်တောင်းဆို


သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ် ဆက်ဆံရေး ရုံးအား တြိဂံစစ်တိုင်းရုံးမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုအား ဖြေရှင်းချက်ပေးရန် သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်က တောင်းဆိုလိုက်ပါသည်။

၂၀၁၄ မေ ၆ ရက်နေ့က ကျိုင်းတုံမြို့ RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံအား စရဖ ရုံး၌ ၂ နာရီ ကျော် ကြာ ထိန်းသိမ်းထားပြီး ကိုယ်စားလှယ်ရုံးအားလည်း စဖရမှူးကိုယ်တိုင် ဦးစီးသည့် စစ်အင်အား ၂၀ ကျော်က ရှောင်တခင် ဝိုင်းရံစစ်ဆေးမှု ပြုရသည့်အကြောင်းရင်း ဖြေရှင်းချက်ပေးရန် ပြည်ထောင် စုငြိမ်း ချမ်းရေးဖေါ်ဆောင်ရေးဖေါ်ဆောင် ရေးကော်မတီထံ RCSS/SSA ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီး ယွက်စစ် က ယနေ့ (၂၀၁၄၊ မေလ၊ ၈ ရက်) ရက်စွဲဖြင့် လက်မှတ်ထိုး တောင်းဆိုခြင်းဖြစ်သည်။

“အစိုးရနဲ့ ကျနော်တို့ကြား၊ တပ်မတော်နဲ့ကျနော်တို့ကြား ဖြစ်ပွားလာနိုင်မဲ့ ပြဿ    နာကို လက်တွဲ ဖြေရှင်းဖို့ နှစ်ဘက်သဘောတူညီချက်နဲ့ ဒီရုံးကို တရားဝင်ရုံးဖွင့်ခွင့်ရယူထားတဲ့ဟာဘဲ။ အခုတော့ ပြဿနာ ဖြေရှင်းဖို့ မဟုတ်ဘဲ ဓါးစာခံလိုမျိုးလာပြီး အသုံးချနေတော့ - အစိုးရကော တပ်မတော်ကော ငြိမ်းချမ်းရေး လိုလားနေတယ်ဆိုတာ ဟုတ်ရဲ့လားဆိုတာ ကျနော်တို့ သံသယဖြစ်ဖွယ်ရှိလာတယ်၊ ဒါကျနော်တို့ လူကို ထိန်းသိမ်းထားပြီး ကျနော်တို့ရုံးကိုရှောင်တခင်သွား ရောက်စစ်ဆေးရတဲ့ အကြောင်းရင်း ဖြေရှင်းချက်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။

ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံးလက်အောက်ခံ စရဖ မှူး ဗိုလ်မှူးရဲနေလင်းသည် RCSS/SSA ဆက် ဆံရေးတာဝန်ခံ စဝ်စောမိဏ်းအား စရဖ ရုံးသို့ လာရောက်တွေ့ဆုံရန်ဖုန်းဆက်ခေါ် ခဲ့သည်။ သို့သော် စရဖမှူး ဗိုလ်မှူးရဲနေလင်းက စဝ်စောမိဏ်းအား လက်ခံတွေ့ဆုံခြင်းမပြု၊ စရဖမှူး မအားသေးလျှင် ပြန်ဦးမည် ဟုပြောသော်လည်း စရဖ မှူးလက်အောက်ခံများက ပြန်ခွင့်မပြုဘဲ ၂ နာရီ ကျော်ကြာအချိန်ဆွဲ ထားသည်ဟု ဆိုသည်။ ထိုစဉ် စရဖ မှူး ဗိုလ်မှူးရဲနေလင်း ကိုယ်တိုင်ဦးဆောင်သည့် စစ်သည်အင်အား ၂၀ ကျော်က RCSS/SSA ၏ ကျိုင်းတုံ ဆက်ဆံရေးရုံးအား သွားရောက်စစ်ဆေးခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ထားကြပြီးဖြစ်သည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List