Thursday, May 08, 2014

ကရင်တိုင်းရင်းသားအရေးအတွက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များကို တွေ့ဆုံရန် ကေအင်န်ယူ တောင်းဆို


ကရင်တိုင်းရင်းသားများအ ရေးကိစ္စအတွက်ဆွေးနွေးရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဝန်ကြီးချုပ် များနှင့်တွေ့ဆုံရန် ကေအင်န်ယူဒုဥက္ကဋ္ဌက ပြည်တွင်းငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီသို့ တောင်းဆို လိုက်သည်။

မေ ၆ရက်က ရန်ကုန်မြို့ရှိ မြန် မာငြိမ်းချမ်းရေးစင်တာတွင်ပြုလုပ် သော အဆိုပါနှစ်ဖက်တွေ့ဆုံပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ထံ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် အခြားဒေသများရှိ ကရင်တိုင်း ရင်းသားများနှင့်တွေ့ဆုံစဉ် ၄င်းတို့၏ လိုအပ်ချက်များကိုသိရှိခဲ့ရပြီး ကရင်လူထုထံမှရရှိခဲ့သောအကြံÓဏ်များ နှင့်တောင်းဆိုချက်များကို အကောင် အထည်ဖော်နိုင်ရန်အတွက် အစိုးရဝန်ကြီးချုပ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့်တွေ့ဆုံပြီး ကရင်တိုင်းရင်းသားရေးရာကိစ္စ ရပ်များထည့်သွင်းဆွေးနွေးသွားမည် ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌက ပြောသည်။

''ကရင်လူထုနဲ့တွေ့တဲ့အခါသွား နေတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ရှင်းပြခဲ့ပါတယ်။ ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသားလူထုပါဝင်နိုင်မှုက အ ရေးကြီးပါတယ်။ သူတို့နားလည်ဖို့လို အပ်ပါတယ်''ဟု ယင်းက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် အား ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် များနှင့်တွေ့ဆုံနိုင်ရန်ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက နှစ်ဖက်တွေ့ဆုံစဉ် ကတိပြု ခဲ့သည်။

''တွေ့ဖို့ကို ကျွန်တော်ကြိုးစား ပေးပါ့မယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်တွေ အနေနဲ့လဲ အဆင်ပြေမယ့်အချိန်ပေါ့။ ကရင်လူထုရဲ့အရေးကိစ္စတွေကို အ လေးထားပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက လက် ခံပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် သည် ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ် ဒေသရှိ ကရင်ပြည်သူများနှင့် ဧပြီလအတွင်းတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရှမ်းအမျိုးသားဒီမိုကရေစီပါတီနှင့် လည်းတွေ့ ဆုံခဲ့ကာ မေ ၇ ရက်တွင်လည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့်တွေ့ ဆုံမှုများရှိခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List