Friday, May 09, 2014

ဘရုဆလီ ရဲ့ မှတ်သားဖွယ် စကား



ဘရုဆလီကို အများစုသိကြမှာပါ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဟောင်ကောင်ဖွား ကမ္ဘာကျော် သိုင်းပညာရှင်နဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ 

သူပြောခဲ့တဲ့ စကားက ဒီလိုပါ။ 

'သိရုံနဲ့ မလုံလောက်သေးဘူး။ ကျင့်ကြံ အားထုတ်ဖို့ လိုအပ်တယ်။ ဆန္ဒ ရှိရုံနဲ့ မလုံလောက်ဘူး။ လက်တွေ့ အကောင် အထည် ဖော်ရန်လိုအပ် တယ်။'
ယနေ့ခေတ် ဘယ်လို ပညာရပ်မှာမဆို လေ့လာသင်ကြားပြီးတော့ ရပ်တန့် ထားရင် အကျိုးမရှိ ပါဘူး။ ဒါကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ပြန်လည်အသုံးချ နိုင်ဖို့လည်း လိုပါတယ်။ လောကီ ပညာရပ်ပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ ပညာရပ်ပဲ ဖြစ်ဖြစ်။ ဒါ့အပြင် တစ်စုံတစ်ခု ပြုလုပ်ရန် စိတ်ဆန္ဒ ရှိရုံနဲ့လည်း မလုံလောက် သေးပါဘူး။ လက်တွေ့ပါ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ 

ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးကလည်း စိတ်ကူးယဉ်၊ အိပ်မက်မက်နေလို့ မလုံလောက်။ အိပ်မက်က နိုးထလို့ လုပ်ကိုင် ဆောင်ရွက်ရမယ်လို့လည်း ဆိုခဲ့ပါတယ်။ 

ဒါကြောင့်မို့ မိမိလိုရာ ပန်းတိုင်ကို ရောက်အောင် သင်သမျှသိသမျှ အသုံးချလို့ လက်တွေ့ အကောင်ထည်ဖော် ကြိုးစား နိုင်ကြဖို့ အကြံပေးတိုက်တွန်း ရေးသားလိုက်ရပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

No comments:

Post a Comment

My Blog List