Tuesday, May 06, 2014

သျှမ်းပြည်ညီညွတ်ရေးကော်မတီ ၆ လ ပတ်အစည်းအဝေး ကျင်းပ



သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ ပထမအကြိမ် ၆ လပတ်အစည်း အဝေး တွင် မြို့နယ်ပေါင်း ၅၂ မြို့နယ်မှ သျှမ်းပြည် တပ်မတော် ၂ ခု တခုတည်းဖြစ်ရေး၊ နိုင်ငံရေးပါတီ ၂ ရပ် တပါတီတည်ြး ဖစ် ရေးတောင်းဆိုချက်ကို အလေးအနက်ထား အကောင် အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ချင်းမိုင်တွင် မေလ ၁ ရက်မှ ၅ ရက်အထိ ကျင်းပသော အဆိုပါအစည်းအဝေး၌ သံဃာနှင့် လူထုကိုယ် စားလှယ်ပေါင်း ၃၆၆၃ ဦးက ၎င်းတို့၏တောင်းဆိုချက်ကို လိုက်နာမှုမရှိပါက ထောက်ခံအားပေးမှုကို ဖြတ်တောက်မည်ဖြစ်ကြောင်း ဧပြီလ ၉ ရက်မှ အကြောင်းကြားလွှာကိုဖတ်ပြခဲ့သည်။

အဆိုပါတောင်းဆိုမှုကို အကောင်အထည်ဖော်ရန်အတွက် ၆ ဦးပါ ဆက်သွယ်ေ ရး အဖွဲ့ကို ဖွဲ့စည်းလိုက် ကြောင်း သိရသည်။

Committee for Shan State Unity (CSSU) ၏ စည်းရုံးဆက်သွယ်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် စဝ်ပင်ခမ်းကို ရွေးချယ်ခန့်အပ်ပြီး အဖွဲ့ဝင် ၆ ဦးရှိကြောင်း၊ သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းတပ်မတော် ၂ တပ်နှင့် ဆက်သွယ်၍ အစည်းအဝေးမှ အဆိုပြုမှုကိုတင်ပြရန် အဖွဲ့၏ အဓိကတာဝန်ဖြစ် ကြောင်း ဆိုပါ သည်။

အဆိုပါတင်ပြချက်များတွင် တခုမှာ အဆိုပါ ၄ ဖွဲ့မှ ထိပ်သီးဥက္ကဌတဦး ကို ရွေးခြယ်ဘို့ဖြစ်ကြောင်း အစည်းအဝေးကိုတက်ရောက် သူ ပုဂ္ဂိုလ်တချို့ကပြောဆိုပါသည်။

ယခုအခါ သျှမ်းပါတီ ၂ ပါတီ၊ သျှမ်းတပ်မတော် ၂ တပ်ဖွဲ့တို့မှ ဥက္ကဌကြီး ၄ ဦးက CSSU ၏ဥက္ကဌ အဖြစ် ဆောင်ရွက်ထားကြသည်။

“ ကျနော်တို့ အစည်းအဝေးတက်ရောက်သူတွေတော်တော်များများက စဝ်ခွန် ထွန်းဦး ဟာ အသင့်တော် ဆုံးဘဲလို့ ထင်ကြတယ်။ ဘာလို့လဲ ဆိုတော့ ပြည် တွင်းပြည်ပ သျှမ်းအသိုင်းအဝိုင်း ကသာမက သျှမ်း မဟုတ်တဲ့ တခြားတိုင်းရင်း သားတွေလည်း ခွန်ထွန်းဦးကိုလက်ခံကြတယ်။ တဖက်ကလည်း သျှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC မှာ ဥက္ကဌ ဖြစ်နေတယ်လေ” ဟု အစည်းအဝေး တက်ရောက် သည့် ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့် အား ပြောဆိုပါသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော်ဘက်မှကန့်ကွက် စရာရှိမည်မထင်ကြောင်း လည်း ပြောဆိုပါသည်။ “ဒါကြောင့် ကြည့်ရတာတော့ ဥက္ကဌရာထူးအတွက် ခွန်ထွန်းဦးကို ရွေးချယ်ဖို့ ရာခိုင်နှုန်းများနေတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောပါသည်။

ယမန်နှစ်က အစိုးရကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် ရန်ကုန်မြို့သို့ ဒု-ဗိုလ် ချုပ်ကြီး ယွက်စစ် ရောက် ရှိစဉ်က UPWC အကြီးအကဲ ဦးအောင်မင်းက “ တိုင်းရင်း သား တခုချင်းစီကြားထဲက ငြိမ်းချမ်းရေး တည် ဆောက်ဖို့လည်း အရေးကြီးတာမို့ ကရင်တိုင်းရင်းသားထဲက စည်းလုံးညီညွတ်ရေးရဖို့ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးက တွေ့ဆုံစည်းရုံးပေးဖို့နဲ့ သျှမ်းပြည်ထဲက အဖွဲ့အစည်းတွေကိုတော့ တသံတည်း တခွန်းတည်း ထွက်လာဖို့အတွက် ခွန်ထွန်းဦး က ဆက်သွယ်စည်းရုံးရင် ပိုပြီးသင့်တော် မယ်” - ဟု ပြော ဆိုသည်။

ဥက္ကဌရွေးချယ်နိုင်ပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ တခြားသောတိုင်းရင်းသားအဖွဲ့အစည်းများပါ CSSU အတွင်း ပါဝင်လာအောင် ချိတ်ဆက်သွားမည်ဟုလည်း အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းနှင့်ပတ်သက်၍ ဝါရင့်အမျိုးသားရေးအကျိုးဆောင်ရွက်နေ သည့်ပုဂ္ဂိုလ်တဦးက “ စည်းလုံးညီညွတ် ရေးအတွက် ၁၉၈၃ တုန်းကလည်း စဝ်ဂွဏ်းဇိဏ်း ဦးဆောင်တဲ့ SURA က သျှမ်းပြည်တွင်းက အဖွဲ့ အစည်းအားလုံးကို စည်းလုံးညီညွတ်ရေးတခါ ခေါ်ဖူးပါတယ်။ အဲဒီတုန်းက သျှမ်းထဲမှာဆိုရင် SURA / SSA/ SUA ဆိုပြီး ၃ ဖွဲ့ရှိတယ်။ အဲဒီတုန်းက PNO ခေါင်းဆောင် ဖြားဗွါအောင်ခမ်းထီ က ဘာပြော လဲဆိုတော့ သျှမ်းထဲက ၃ ဖွဲ့ကို တဖွဲ့တည်းဖြစ်အောင် လုပ်ပါဦးတဲ့။ ကျနော်တို့တဖွဲ့တည်း ရပ်တည် တာ တောင်မှ ပြဿနာအခက်အခဲရှိနေပြီ။ သျှမ်းအဖွဲ့တဖွဲ့နဲ့သွားပေါင်းပြီး တခြားသျှမ်းအဖွဲ့တွေက သဘောမတူလို့ရန်ရှာရင် ပိုပြီးခက်လိမ့်မယ်- လို့ပြော တော့ သျှမ်းတဖွဲ့တည်းဖြစ်အောင် ကြိုးစားခဲ့ ပေမယ့် SSA က တဝက်ဘဲပါလာတယ်။ ဒါကြောင့် PNO ကလည်း ၁၉၉၁ မှာ မြန်မာအစိုးရ နဲ့အပစ် အခတ်ရပ်စဲရေးယူလိုက်တယ်” ဟု ၎င်းတွေ့ကြုံခဲ့သည်များကို ဗဟုသုတ အဖြစ် ပြန်လည်ပြောပြ ပါသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ကို ပြီးခဲ့သည့် အောက်တိုဘာလက ဖွဲ့စည်းခဲ့သည်။ အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဖြစ်သည်ဟု ဆိုပါသည်။

အဖွဲ့၏ ပထမအကြိမ် ၆ လပတ်အစည်းအဝေးကို ထိုင်းနယ်စပ်တနေရာ တွင် မေလ ၁ ရက်မှ ၃ ရက် အထိ ပြုလုပ်ခဲ့သည်။ CSSU ၏ အစည်းအဝေးသို့ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ ၁၀ ဖွဲ့ကျော်မှ ၁၀၀ နီးပါး တက်ရောက် ခဲ့ကြသည်။

စည်းလုံးညီညွတ်ရေးအတွက် တခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်၊ အင်အားသုံး အဖြေရှာနည်းထက် တွေ့ဆုံဆွေးနွေး အဖြေရှာနည်း ကို ထောက်ခံသွားမည်၊ သံဃာတော်များနှင့် လူထု တို့၏ ဆန္ဒကို လေးလေး နက်နက် ထား၍ ဆောင်ရွက်သွားမည်၊ တန်းတူအခွင့်အရေး၊ ညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေးအတွက် တခြားသော တိုင်းရင်းသား အဖွဲ့အစည်း များနှင့် လက်တွဲဆောင်ရွက်သွားမည် အစရှိအချက်များပါရှိသော ကြေငြာချက် တစောင်ကိုပါ ထုတ်ပြန်ခဲ့ပါသည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List