Saturday, May 10, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက် ဒုတိယအကြိမ် စုံညီတွေ့ဆုံ


မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ် စုံညီတွေ့ဆုံပွဲအား သင်္ဃန်ကျွန်း မြို့နယ်၊ဓမ္မပိယကျောင်းတိုက်၌ မေ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
“ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်အဖွဲ့ဝင်တွေကို စုံညီတွေ့ပြီးတော့ စိတ်ခေါ်မှုတွေ၊ အကျပ်အတည်းတွေကိုပြန်လည်သုံးသပ်တာတွေလုပ်တယ်။ ဖွဲ့စည်းပုံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ တက်ကြွလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေလည်းပါတယ်။ဒါကြောင့် ၁၇ရက်နေ့မှာNLD၊ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တို့ ပူးပေါင်းပြီးတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်မယ်။ ကျွန်တော်တို့ကွန်ရက် အနေနဲ့လည်းပါဝင်မယ်။ကျွန်တော်တို့ တိုင်းပြည်မှာအဓိက အကျပ်အတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းပဲ ဒီအကျပ်အတည်းကြောင့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူအခွင့်အရေး၊ တရား ဥပဒေစိုးမိုးရေး၊ ဒါတွေဟာ အလွန်ကိုကျပ်တည်းနေတဲ့ပြဿနာတစ်ခုဖြစ်နေတယ် ဒီအကျပ်အတည်းတွေကို အခုဖြေရှင်းဖို့လိုအပ်လာပါပြီ”ဟု (နိုင်ကျဉ်းဟောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်)အဖွဲ့ဝင် ဦးထွန်းကြည် မှပြောပြခဲ့သည်။

“ဒီကွန်ရက်ကနေ ဘာတွေလုပ်ပေးနိုင်လည်းဆိုတာကိုသိချင်လို့ ကျွန်တော်လာခဲ့တာပါ။ကျွန်တော်တို့အဖွဲ့ က အဓိကလုပ်တာကတော့ လူမှုရေးကိစ္စတွေကိုအဓိကထားလုပ်တဲ့အဖွဲ့ဖြစ်တယ်။ ဒါပေမဲ့ ရွေးကောက် ပွဲလည်း နီးလာပြီးဆိုတော့ ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့အဖွဲ့အနေနဲ့တစ်နေရာကနေ ပါဝင်ကူညီချင်လို့။ ဒီကပေးတဲ့အကြံအဥာဏ်တွေကိုယူပြီးတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအနေနဲ့ လုပ်ပေးနိုင်အောင်လို့လာရောက်တက်တာဖြစ်ပါတယ်”ဟုမန္တလေး မေတ္တာကန်ပိန်းအဖွဲ့ဝင် ကိုသူရရွှေ ကပြောသည်။

၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပြည်သူကွန်ရက် အဖွဲ့ဝင်များ စုံညီတွေ့ဆုံပွဲအား ၂၀၁၃၊ဒီဇင်ဘာ (၂၆)ရက်က ပထမအကြိမ်တွေ့ဆုံခဲ့ပြီး ယခုအခါ၌ ဒုတိယအကြိမ်တွေ့စုံခြင်းဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာပြည်သူ့ ကွန်ရက်ဝင်များစုံညီတွေ့ဆုံပွဲတွင် ကလော၊တောင်ကြီး၊ဆီဆိုင်မြိုနယ်၊ မန္တလေး၊ပြည်၊တောင်ကျေး၊ ဖန်မီးအိမ်အဖွဲ့၊၈၈(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့)ပုသိမ်၊စသည့် မြို့နယ်များမှ အဖွဲ့ဝင်များလည်းတက်ရောက်ခဲ့ကြောင်းသိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်တွင် ပါဝင်သော အဖွဲ့ဝင်များမှာ The Innovative၊ YSPS၊ Bayada Institute၊MID၊ စာရေးဆရာများသမဂ္ဂ၊အင်ဂျင်နီယာကွန်ရက်၊ LRC မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး၊ တပ်ပေါင်းစုဌာနေကိုယ်စားလှယ်၊ WON(အမျိုးသမီးအဖွဲ့ ၃၄ ဖွဲ့) LSCP ၊LRDP၊ဖန်တီးအိမ်၊
Arrawady Institute၊အလုပ်သမားသမဂ္ဂ၊ NDD ၊ ရွှေသံစဉ်တေးဂီတအဖွဲ့၊လယ်သမားသမဂ္ဂ၊Kachin Peace Network ၊CPRCG၊MMI ၊ Triangle Women Group ၊ကမ္ဘောဇလူငယ်(တောင်ကြီး)၊ အခြေခံ စိုက်ပျိုးရေး အလုပ်သမဂ္ဂ(လှည်းကူး)၊ကျေးလက်ဒေသဖွံ့ဖြိုးရေးကွန်ရက်၊အစိမ်းရောင်ပဲ့တင်သံ လှုပ်ရှားမှု အင်အားစု ၊ပြည်သူ့အကျိုး ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာရေးကွန်ရက် (တွံတေး)၊ Wisdom Villa အဖွဲ့များလည်းပါဝင်ကြောင်းသိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List