Friday, May 09, 2014

တရုတ်ဝါရင့်သတင်းထောက်ကို လုံခြုံရေးအာဏာပိုင်တွေ ဖမ်းဆီး



တရုတ်နိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ၀ါရင့်သတင်းထောက်တစ်ဦးကို တရုတ်လုံခြုံရေး အာဏာပိုင်တွေ က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ဇွန်လမှာ ကျရောက်မယ့် Tiananmen ရင်ပြင်အရေးအခင်း ၂၅နှစ်နှစ်ပတ်လည် မတိုင်ခင် ဝေဖန်ရေး သားမှုတွေကို ကြိုတင်တားဆီးတဲ့အနေနဲ့ အခုလိုမျိုး ဖမ်းဆီးမှုတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ ယူဆနေကြပါတယ်။
၁၉၈၉ ခုနှစ် ဇွန်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ထောင်နဲ့ သောင်းနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ အလုပ် သမားတွေက Tainanmen ရင်ပြင်မှာ အစိုးရကို ဆန္ဒပြနေစဉ်အတွင်း စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကို ခံခဲ့ရတာဖြစ် ပါတယ်။

ဒါပေမယ့် တရုတ် အာဏာ ပိုင်တွေ ကတော့ အဆိုပါ အမျိုးသမီး သတင်းထောက်ကို ထိန်းသိမ်း ခဲ့တာဟာ ပြီးခဲ့တဲ့နှစ်က ထိပ်တန်း လျှို့ဝှက်ချက်တွေပါတဲ့ စာရွက်စာတမ်းတွေကို နိုင်ငံခြားက အင်တာနက်ဝက်ဘ်ဆိုက်ဆီ ပို့ဆောင်ခဲ့ တာကြောင့် ဖမ်းဆီး ထိန်းသိမ်း ခဲ့တာဖြစ်ကြောင်း တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ဆိုပါတယ်။

အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ၀ါရင့် သတင်းထောက် Gao Yu ဟာ အသက် ၇၀ ရွယ်ရှိပြီး အပတ်စဉ် စီးပွားရေးမဂ္ဂဇင်း လက်ထောက် အကြီးအကဲဟောင်းဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List