Friday, May 09, 2014

မျက်နှာကို တစ်လ တစ်ကြိမ် ဆေးကြောသင့်ပါတယ်


မျက်နှာ အသားအရေဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို မျက်နှာကို အလေးထားသင့်ပါတယ်။ ဆေးကြောတာက မိမိဘာသာ အိမ်မှာ မျက်နှာသစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ မျက်နှာအကြောများကို နှိပ်နယ်ပေးခြင်း မျက်ရိုးများကို နှိပ်နှယ်ပေးခြင်း မျက်နှာ ပေါင်တင်ခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ မိမိအဆင်ပြေမယ့်ဆိုင် (သို့) အိမ်မှာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ 

ခဏခဏ မျက်နှာကို ဆေးကြောဖို့ မသင့်ပါဘူး။ မျက်နှာအသားအရေဟာ ပါးလွှာတဲ့အတွက် ခဏခဏ ဆေးကြောပါက အသားအရေကို ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် တစ်လတစ်ကြိမ်လောက် ဆေးကြော ပေးခြင်းဖြင့် လုံလောက်ပါတယ်။ 

ဒီလို ဆေးကြော သန့်စင်ပေးလိုက်သည့်အတွက်ကြောင့် စိတ်ပေါ့ပါး လွတ်လပ်စေရုံသာမကဘဲ မိမိ ကိုယ်ကိုယ် ရုံကြည်မူပါ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာနှင့် မျက်ရိုး တစ်ဝိုက်ကို နှိပ်နှယ် ပေးလိုက်ခြင်း ကလည်း ခန္ဓာကိုယ်အတွင်းပိုင်း အကြောတွေနဲ့ ဆက်စပ်နေလို့ သင့်ကျန်းမာရေးကို ထောက်အကူ ပြုစေ မှာဖြစ်ပါတယ်။ 

လှပချင်သူပဲ ဖြစ်ဖြစ် ကျန်းမာရေးလိုက်စားသူပဲ ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

လှပပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

No comments:

Post a Comment

My Blog List