Thursday, May 08, 2014

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြည်ပရောက် ရခိုင်နှစ်ပါတီ ပူးပေါင်းကော်မတီဖွဲ့


မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပိုမိုပူးပေါင်းပါဝင်နိုင်စေရန် ရခိုင်ပြည် ဒီမို ကရက်တစ်ပါတီ (DPA) နှင့် ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) တို့ အမျိုးသား ရင်ကြားစေ့ရေးနှင့် ညီညွတ်ရေး တည်ဆောက်ရေး ပူးတွဲကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ ပါတီနှစ်ခုမှ တာဝန်ရှိသူ များက ပြောကြားသည်။

ပူးတွဲကော်မတီကို နှစ်ပါတီ ခေါင်းဆောင်များ သဘောတူညီချက်ဖြင့် ၂၀၁၄ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ ခြင်းကြောင်း DPA မှ ဒုတိယ ဥက္ကဋ္ဌ ဦးညီညီလွင်က ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တစ်ဖွဲ့တည်း လုပ်ဆောင်ခြင်းထက် နှစ်ဖွဲ့ပေါင်း၍ တွေ့ဆုံခြင်းက ပိုမိုအားကောင်းသည်ဟု ယူဆကာ ယခုကဲ့သို့ ပူးတွဲကော်မတီ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အခြားရခိုင် အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြော ကြားသည်။

“တူတာက တစ်ခုပဲရှိပါတယ်။ အဲ့ဒါ အမျိုးသား စည်းလုံးညီညွတ်ရေးပါ” ဟု NUPA မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်အေးချမ်းက ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။

အမျိုးသား ရင်ကြားစေ့ရေးနှင့် ညီညွတ်ရေး တည်ဆောက်ရေး ပူးတွဲကော်မတီ၏ ရုံးချုပ်ကို ရခိုင်ပြည်နယ် တွင် ဖွင့်လှစ်နိုင်ရန် မြေနေရာကို နိုင်ငံတော် အစိုးရအဖွဲ့ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List