Friday, May 09, 2014

ယင်းလပ်အစိုးရ ဆန်ဝယ်ယူရေး တာဝန်မဲ့လုပ်ခဲ့ဟု ထိုင်းအမျိုးသာ ကော်မတီပြော



ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာဟာ အစိုးရရဲ့ ဆန်ဝယ်ယူရေးအ စီအစဉ်မှာ တာဝန်မဲ့ လုပ်ဆောင် မှုတွေ ရှိခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ထိုင်းအမျိုးသားကော်မတီက မေ ၈ ရက်နေ့က စစ်ဆေးတွေ့ ရှိခဲ့ ပါတယ်။ အမှုကို ထိုင်းလွှတ်တော်မှာ စစ်ဆေးကြားနာမှာ ဖြစ်ပြီး ပြစ်မှုခိုင်လုံရင် နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်ခံရဖို့ ရှိနေပါတယ်။
မေ ၇ ရက်နေ့က ထိုင်းအမျိုးသားလုံခြုံရေး နံပါတ် ၁ နေရာကို အာဏာအလွဲသုံးစားပြီး ကိုယ်ကျိုးအတွက် ပြောင်းရွှေ့မှုတွေ လုပ်ခဲ့တယ်လို့ ထိုင်းအခြေခံဥပဒေခုံရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းလပ်ကို ၀န်ကြီးချုပ်
ရာထူးက ဖြုတ်ချခဲ့ပါတယ်။

အခုနောက်တမှုဖြစ်တဲ့ ထိုင်းအစိုးရ ဆန်ဝယ်ယူရေးပြဿ   နာမှာ ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ ရှိနေတာကြောင့် လွှတ်တော်တင်ပြီး စစ်ဆေးမယ်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အမျိုးသားကော်မရှင်ဥက္ကဋ္ဌ ပန်တစ် ခလာနာရွန်က ပြောဆိုခဲ့ပါတယ်။

“အစိုးရဆန်ဝယ်ယူရေးအစီအစဉ်ဟာ အကြီးအကျယ်ရှုံးပြီး ပြဿ     နာတွေ တက်တော့မယ်။ အဆင့်တိုင်းမှာလည်း အဂတိလိုက်စားမှုတွေဖြစ်ဖို့ အခြေအနေတွေ ရှိနေတယ်ဆိုပြီး ၀န်ကြီးချုပ်ဟောင်း ယင်းလပ်ကို အဂတိ တိုက်ဖျက်ရေးကော်မတီက ၂ ကြိမ်တိုင်တိုင် သတိပေး ခဲ့ပါတယ်။ ဒီဆန်အစီအစဉ်က အကြီးအကျယ်ရှုံးနေပြီ ဆိုတာကိုလည်း သိလျက်နဲ့ ရပ်ဖို့ မစဉ်းစားပဲ ဆက်လုပ်ခဲ့တယ်” လို့ ကော်မရှင်နာ ဗီချာမဟာခွန်က ပြောဆိုပါတယ်။

လွှတ်တော်မှာ စစ်ဆေးကြားနာပြီး ပြစ်မှုထင်ရှားရင် နိုင်ငံရေးလုပ်ကိုင်ခွင့် ၅ နှစ်ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

ဆန်ဝယ်ယူရေးအစီအစဉ်ဟာ ယင်းလပ်အစိုးရရဲ့ ထိပ်တန်း ဦးစားပေးပေါ်လစီ ဖြစ်ခဲ့ပြီး ပြင်ပပေါက်ဈေးထက် အများကြီး မြင့်တဲ့ဈေးနဲ့ ထိုင်းလယ်သမားတွေဆီက ဆန်တွေကို ၀ယ်ယူခဲ့ပါတယ်။

ဒါကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၀န်ကြီးချုပ်ဟောင်းကို ရာဇ၀တ်ကြောင်းအရ တရားစွဲဆို ဖို့တောင် စဉ်းစားနေပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ပြန်ဖြစ်လာပြီး ၆ လအကြာမှာ အခုလို ၀န်ကြီးချုပ် အဖြုတ်ခံခဲ့ရတာဖြစ်ပြီး နဂိုကတည်းက ကွဲနေပြီးဖြစ်တဲ့ ထိုင်းလူထုတွေကြား နိုင်ငံရေး အကွဲအပြဲဟာ ပိုပြီး နက်ရှိုင်းလာဖို့ရှိပါတယ်။

ယင်းလပ်ထောက်ခံသူ ရှပ်နီတွေက လာမယ့် မေ ၁၀ ရက်နေ့မှာ အစိုးရထောက်ခံဆန္ဒပြပွဲ အကြီးအကျယ်လုပ်ဖို့ ကြေညာထားပါတယ်။

၂၀၁၁ ရွေးကောက်ပွဲတုန်းက အစိုးရဆန်ဝယ်ယူရေးအစီအစဉ်နဲ့ ထိုင်းလယ်သမားတွေရဲ့ ထောက်ခံမဲ တခဲနက်ရရှိခဲ့ပြီး ယင်းလပ်ရဲ့ ပွေထိုင်းပါတီ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။

နောက်ဆုံး မှာတော့ ဆန်ဝယ်ယူရေးအစီအစဉ်မှာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၄ ဒဿ မ ၄ ဘီလီယံ အရှုံးပေါ်ခဲ့ပြီး လယ်သမားတွေရဲ့ ဆန်ဖိုးငွေကိုလည်း အချိန်မီ ပြန်မဆပ်နိုင်ခဲ့ပါဘူး။

DVB

No comments:

Post a Comment

My Blog List