Thursday, May 08, 2014

မြန်မာ့စာတိုက်လုပ်ငန်း အဆင့်မြှင့်ခြင်း ကူညီရန် ဂျပန်ပညာရှင်များ ယခုလအတွင်း လာရောက်မည်


မြန်မာ့စာတိုက်လုပ်ငန်း နည်းပညာနှင့် နည်းစနစ်များ အကူအညီ ပေးနိုင်ရန် ဂျပန်စာတိုက် လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များ မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လက်အောက်ရှိ စာတိုက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် နည်းစနစ် အကူအညီပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းသန်းနှင့် ဂျပန်ဆက်သွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး Mr. Yoshitaka Shindo တို့ ဧပြီလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့တွင် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ၏ စာပို့နှင့် ချောပို့စနစ်ကို ပိုမိုခေတ်မီ၍ ရိုးရှင်းလွယ်ကူသော ဂျပန်ပုံစံစာတိုက်နှင့် ချောပို့ စနစ်သို့ စနစ်တကျနှင့် အလျင်အမြန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ပြီး လိုအပ်သည့် ထောက်ပံ့မှု များပေးမည် ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာထားသည်။

“မြန်မာနိုင်ငံမှာ စာပို့တာနဲ့ ပါဆယ်ပို့တဲ့ နေရာတွေမှာ တိုင်းပြည်ရဲ့ တောင်ဘက်စွန်းကနေ မြောက်ဘက် စွန်းကို ပို့ဖို့တစ်ပတ် ဒါမှမဟုတ် တစ်ပတ်ထက် ပိုကြာပါတယ်” ဟု ဂျပန်နိုင်ငံ စာပို့ ဝန်ဆောင်မှုဌာနမှ ညွှန်ကြားရေးမှူး Masatoshi Kawano က ပြောဆိုသည်။

ဂျပန်နိုင်ငံ၏ စာတိုက်နှင့် ချောပို့စနစ်သည် တိုင်းပြည်၏ မည်သည့်နေရာ သို့မဆို နှစ်ရက်အတွင်း အရောက် ပို့ပေးနိုင်ကြောင်း ၎င်းကဆိုသည်။“စာတိုက်ကနေ ပါဆယ်မပို့ဖြစ်တာကြာပြီ။ ရန်ကုန်က မိသားစု ဆီကို ပစ္စည်းတွေဘာတွေပို့ရင် အချိန်မှန် မရောက်တာများလို့။ အခုနောက်ပိုင်း အဝေးပြေး ကားဂိတ်တွေ ကနေပဲ ထည့်ပေးတော့တယ်။ တန်ဆာခတော့ နည်းနည်း ဈေးကြီးပေမယ့် အချိန်မှန်ရောက်တယ်” ဟု နေပြည်တော်ရှိ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ဒေါ်သီတာချိုက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List