Friday, May 09, 2014

Australia Network ရဲ့ထိရောက်မှု အပေါ် နိုင်ငံခြားရေးဝန်ကြီး မေးခွန်းထုတ်


အေဘီစီ ​သတင်းဌာနရဲ့ ​အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ​Australia ​Network ​ဟာ ​အာရှပစိဖိတ် ​ဒေသတွင်း ​လုပ်ဆောင်နိုင်မှု ​ဘယ်လောက်ရှိသလဲ ​ဆိုတဲ့အပေါ် ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီ ​ဘိရှော့ပ် ​ကမေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံခြားရေး ​၀န်ကြီး ​ဂျူလီ ​ဘိရှော့ပ်ဟာ ​Australia ​Network ​အစီအစဉ် ​ထုတ်လွှင့် ​ပေးနေတဲ့ ​နိုင်ငံတွထဲ ​တစ်နိုင်ငံဖြစ်တဲ့ ​ပါပူဝါနယူဂီနီနိုင်ငံက ​၀န်ကြီးချုပ်နဲ့ ​တွေ့ဖို့အတွက် ​ပါပူဝါနယူဂီနီ ​နိုင်ငံကို ​ရောက်ရှိနေချိန်မှာ ​အခုလို ​Australia ​Network ​ရဲ့ ​ထိရောက် ​မှုကို ​မေးခွန်း ​ထုတ်နေတာ ​လည်း ​ဖြစ်ပါတယ်။

အစိုးရ ​အနေနဲ့ ​အသုံးစရိတ်တွေ ​ဘယ်လိုလျှော့ချ ​သင့်တယ်ဆိုတဲ့ ​ကော်မရှင်ရဲ့ ​အကြံပြုချက် ​၈၆ ​ချက်ထဲမှာ ​ABC ​Australia ​Network ​ရဲ့ ​ထောက်ပံ့ကြေးတွေဟာ ​၁၀ ​နှစ်အတွင်း ​ဒေါ်လာ ​၂၂၃ ​သန်း ​ကုန်ကျတဲ့ ​အတွက် ​ဒီငွေတွေကို ​တခြားနေရာမှာ ​အသုံးပြုသင့်တယ်ဆိုပြီး ​အကြံပြုထားပါတယ်။

Australia ​Network ​ရုပ်မြင်သံကြား ​အစီအစဉ်ဟာ ​အာရှနဲ့ ​ပစိဖိတ်ဒေသတွင်းက ​နိုင်ငံပေါင်း ​၄၆ ​နိုင်ငံကို ​ရုပ်မြင်သံကြားကနေတဆင့် ​အသံထုတ်လွှင့် ​နေတာဖြစ်ပြီး ​နိုင်ငံခြားရေးဌာနက ​ထောက်ပံ့ထားတာ ​ဖြစ်ပါတယ်။

ရည်ရွယ်ချက် ​ကတော့ ​သြစတြေးလျနိုင်ငံအကြောင်း ​လူတွေသိအောင် ​ပြီးတော့ ​သွယ်ဝိုက်သိမ်မွေ့တဲ့ ​သံတမန်ရေးရာလုပ်ငန်းလုပ်ကိုင်ဖို့ ​ရည်ရွယ်တာဖြစ်ပေမယ့် ​အားပေးကြည့်ရှုသူတွေ ​နည်းပါးတယ်လို့ ​ယူဆရတဲ့အတွက် ​ထောက်ပံ့ကြေးတွေ ​ဖြတ်တောက်သင့်ကြောင်း ​သြစတြေးလျ ​စာရင်းစစ် ​ကော်မရှင်က ​စိုးရကို ​အကြံပြုထားတာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List