Thursday, May 08, 2014

DVB သတင်းထောက် ကိုဇော်ဖေ လွတ်မြောက်ရေး မကွေးမှာဆန္ဒပြ


ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေနဲ့ သတင်းထောက်အားလုံး လွတ်မြောက်ရေး အတွက် မကွေးမြို့မှာ မကွေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ မကွေးမြို့ခံ သတင်းထောက်တွေ ဒီနေ့ စုပေါင်း ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။ 

မကွေးတိုင်းဒေသကြီး အစိုးရနဲ့တရားစီရေးမဏ္ဍိုင်ဟာ မီဒီယာသမားတွေကိုဖိနှိပ်မှုအများဆုံးဖြစ်တာကြောင့် အခုလို ဆန္ဒပြရတာဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနေမျိုးကျော် က ပြောပါတယ်။

"မကွေးတိုင်းဒေသကြီးအတွင်းမှာ မီဒီယာဖိနှိပ်မှုအားကြီးတဲ့အတွက် မကွေးတိုင်းဒေသကြီး အစိုးရနဲ့ ဖိနှိပ်ပြီးတော့မှ တရားစွဲဆိုထောင်ချတဲ့ မဏ္ဍိုင်ကို ကျနော်တို့ အလိုသဘောမတူကြောင်း အဲ့လို မတရားတဲ့ အမိန့်အာဏာတွေကို မကွေးတိုင်းပြည်သူတွေနဲ့ သတင်းထောက်တွေက ဆန့်ကျင်ကြောင်း၊ ရှုံ့ချကြောင်း ဒီနေ့ပြသခဲ့တာဖြစ်တယ်ဗျ၊ကိုဇော်ဖေ အပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးမှာ မတရားသဖြင့် တရားစွဲဆို ဖမ်းဆီးခြင်းခံထားရတဲ့ သတင်းထောက်အားလုံး ပြန်လွှတ်ပေးဖို့ ၊နောက်မီဒီယာဖိနှိပ်မှုတွေကို ချက်ချင်း ရပ်ဆိုင်းသွားဖို့ နောက်တာဝန်သိစွာ စတုတ္ထမဏ္ဍိုင်ကိုသတင်းပေးတယ်၊အကူအညီပေးတယ်၊ပူးပေါင်းဆောင် ရွက်တယ် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင် ခေါ် ကိုလှိုင်လှိုင်ကို ချက်ချင်းချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အဲ့ဒါအဓိကတောင်းဆိုပါတယ်"

ဒီနေ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်မရဘဲ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် မကွေးမြို့ ရဲစခန်းက တားမြစ်ခဲ့ပါတယ်။

ဆန္ဒပြပွဲအပြီးမှာ ကိုဇော်ဖေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ မီဒီယာဖိနှိပ်မှုကို ချက်ချင်းရပ်တန့်ပေးဖို့ဆိုတဲ့ အချက် ၁၀ ချက်ပါ သဘောထား ကြေညာချက်ကို ထုတ်ပြန် ခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List