Saturday, May 10, 2014

မန္တလေး လေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းလယ်ယာမြေ များ ပြန်လည်ပေးအပ်


မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက အသုံမပြုဖြစ်တဲ့ မြေနေရာအချို့ ကို မှုလပိုင်ရှင်တွေဆီကို လာမယ့် ဇွန်လမှာ ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။
၁၉၉၃ ခုနှစ်က မန္တလေးလေဆိပ်စီမံကိန်းအတွက် လယ်မြေဧကပေါင်း (၂၇ဝဝဝ) ကျော်သိမ်းဆီခဲ့ပြီး ဧက ၇ဝဝဝ လောက်ကို လေဆိပ်စီမံကိန်း အတွက် အသုံးပြုခဲ့ပါတယ်။ အခုချိန်မှာတော့ လေဆိပ်အတွက် မသုံးဖြစ် တဲ့လယ်မြေဧက ၂ သောင်းထဲက ဧက(၉ဝ၅၅) ဧကကိုပြန်လည် ပေးအပ်ဖို့ စီစဉ်ဆောင် ရွက်နေတယ်လို့ သိရပါတယ်။ အဲဒီလေဆိပ်ကို လွန်ခဲ့ တဲ့ ၁၉၉၃ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂ဝဝဝ ခုနှစ်မှာ ပြီးဆုံး ခဲ့ပါတယ်။

လေဆိပ် အသုံးပြုမြေထဲမှာပါရှိသွားတဲ့ လယ်ယာမြေပိုင်ရှင်တွေကိုတော့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးအပြင် နှစ်ပေါင်း ၂ဝ လုံးလုံးလုပ်စားခွင့် မရခဲ့တဲ့ နစ်နာကြေးတွေကိုပါ နိုင်ငံတော် က လျော်ကြေးပေးဖို့ တောင်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြထားပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List