Saturday, May 10, 2014

ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဖို့ တပ်မတော်ရဲ့ ထောက်ခံမှု လိုကြောင်း ကန်လက်ထောက်ဝန်ကြီး ပြော


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာအစိုးရ ဒု-သမ္မတ ဦးဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံ ခဲ့ပါတယ်။
 
မြန်မာကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း တိုင်းပြည်ရဲ့ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ရှေ့ကို တက်လှမ်းနိုင်ဖို့အတွက် မြန်မာ့တပ်မတော်ရဲ့ထင်သာမြင်သာရှိတဲ့ ထောက်ခံမှုမျိုး အမေရိကန်ပြည်ထောင် စုဘက်က မြင်တွေ့လိုတယ် ဆိုတာကို ပြောခဲ့ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall က ပြောပါတယ်။

အဲဒီထဲမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ခံမှုရှိဖို့ ၊ လူ့အခွင့်အရေးကိုလေးစားဖို့ နဲ့ အရပ်ဖက်အုပ်ချုပ်မှုကို ခွင့်ပြုဖို့ တွေလည်းပါဝင်တယ်လို့ သူမက ပြောပါတယ်။ ငြိမ်းချမ်းရေး နဲ့ ကလေးစစ်သားကိစ္စတွေ နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ တုံ့ပြန်ပြောကြားချက်တွေ နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အားရမိတယ်လို့ ပြောပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sewall ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ကတော့ ရခိုင်လူမှုအသိုင်းအ၀ိုင်းက တာဝန်ရှိသူတွေ နဲ့ရော မွတ်စလင်လူမှုအဖွဲ့အစည်းတာဝန်ရှိ သူတွေနဲ့ပါ အမေရိကန်သံရုံးမှာတွေ့ဆုံခဲ့ပါတယ်။

မေလ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာရှိနေစဉ်အတွင်း သူမဟာ လူထုအခြေပြုလူမှု အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ၊ လူမျိုးစုအချင်းချင်းကြား အကြမ်းဖက်မှုတွေ အပြင် ကလေးစစ်သား ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

VOA

No comments:

Post a Comment

My Blog List