Friday, May 09, 2014

ဘန်ကောက်အဲဝေး နေပြည်တော်ခရီးစဉ်တိုးချဲ့ ပြေးဆွဲ


ထိုင်းနိုင်ငံက ဘန်ကောက်အဲဝေး လေကြောင်းလိုင်းက ဘန်ကောက်- နေပြည်တော် ခရီးစဉ်တွေကို အကြိမ်ရေ တိုးချဲ့ပျံသန်းသွားတော့မှာဖြစ်တယ်လို့ လေကြောင်းလိုင်းအကြီးအကဲက ပြောပါတယ်။ယခင်က တပတ်ကို ၅ ကြိမ်သာ ပျံသန်းခဲ့တဲ့ ဘန်ကောက်- နေပြည်တော် ခရီးစဉ်တွေကို အအခု မေလ ၅ ရက်နေ့က နေ မေလ ၃၀ ရက်နေ့အတွင်း တပတ်ကို ၇ ကြိမ်ထိ အကြိမ်ရေတိုးချဲ့ပျံသန်းပြေးဆွဲပေးတော့မှာဖြစ်တဲ့ အကြောင်း ဘန်ကောက်ပို့စ် သတင်းတခုက ဖော်ပြထားပါတယ်။ 

၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံက မကြာမီမှာ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေ ကျင်းပတော့မှဖြစ်တဲ့အတွက် အခုလို ခရီးစဉ်တွေ လိုအပ်ချက်ဖြစ် လာမှာမို့ တိုးချဲ့ ပြေး ဆွဲပေးတာဖြစ်တယ်လို့ သိရပါတယ်။ 

၂၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းဝေးကို နေပြည်တော်မှာ လာမယ့် မေလ ၁၁ ရက်၊ ၁၂ ရက်နေ့ တို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List