Wednesday, May 07, 2014

ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလုပ်ငန်းစဉ်ရှစ်ရပ်နဲ ချမှတ်အကောင် ထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးပြော


လားရှိုးမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလုပ်ငန်းစဉ်ရှစ်ရပ်နဲ့ ချမှတ်အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သမဝါယမဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကပြည်နယ်အားကစားကွင်း၌ ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြင့်တင်ရေး အခမ်းအနားတွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော သမ၀ါယမဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က “ဒီနေ့ပြုလုပ်ရတဲ့အခမ်းအနားအနေနဲ့ ကျွန်တော်တို့အစိုးရဟာ ပြည်သူတွေတင်မြှောက်ထားတဲ့ အစိုးရဖြစ် တာနဲ့အညီ နိုင်ငံတာဝန်ကို စယူတဲ့အချိန်ကစပြီး ပြည်သူများရဲ့ လိုအပ်ချက်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်စီးပွားတိုးတက်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ပြုပြင်ပြောင်းလဲရေး မူဝါဒများ ချမှတ်ပြီး ကျယ် ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေပါတယ်။ 

ကျးလက်ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း လုပ်ငန်းစဉ် ရှစ်ရပ်နဲ့ ချမှတ်အကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။သမ၀ါယမဝန်ကြီးဌာနအနေနဲ့လည်း ဒီလုပ်ငန်းစဉ်များနဲ့အညီ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနဲ့ဆင်းရဲမှုလျှော့ချရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်ပြည်သူ များလိုအပ်နေတဲ့ အသေးစားချေးငွေထုတ်ပေးခြင်း၊ လယ်ယာနဲ့ အခြားလုပ်ငန်းသုံးပစ္စည်းများကိုအရစ် ကျငွေချေစနစ်နဲ့ရောင်းချပေးခြင်းနဲ့ သမ၀ါယမအသင်းများ အဆင့်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီးပြုလုပ် ရခြင်း ဖြစ်ပါတယ်”ဟု ပြော သည်။   

သမ္မတကြီး၏ လမ်းညွှန်ချက်အရ ယခုထုတ်ချေးသောချေးငွေများကို အတိုးနှုန်းလျှော့ချပြီး တစ်ကျပ်ခွဲနှုန်းနဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခင်ချေးငွေများအတွက်ကိုတော့ယခင်အတိုးနှုန်းအတိုင်းနှစ်ကျပ် ခွဲနှုန်းဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်သော်လည်း၊ ၄င်းအတိုးနှုန်းများကိုလည်း လျှော့ချနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုသည်။

တက်ရောက်လာသောပြည်သူထဲမှ  တောင်သူတစ်ဦးက “ကျွန်တော်က နမ့်စံမြို့ကပါ။ ဒီလိုအတိုး နည်း နည်းနဲ့ချေးငွေချတာတို့၊ အရစ်ကျစနစ်နဲ့ လယ်ယာနဲ့အခြားသုံးပစ္စည်းတွေရောင်းချပေးတာကို ကျေးဇူးအထူး
တင်ပါတယ်။ ဒါပေမယ့်လေးငါးလအတွင်း ပြန်ဆပ်ရတာတော့ သိပ်အဆင်မပြေဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နမ့်စံပလောင်တွေကတခြားသူတွေလို ဆန်၊ပြောင်းတို့ စိုက်တာမဟုတ်လို့ပါ၊ သူတို့က လေးလတစ်ကြိမ်ဆိုတော့ တစ်နှစ်သုံးသီးစားဆိုတော့ချေးငွေပြန်ဆပ်ရတာအဆင်ပြေတယ်။ ကျွန်တော် တို့က လ္ဘက်စိုက်တာဆိုတော့ လ္ဘက်က ခြောက်နှစ်လောက်မှရတာမို့လို့ပါ။ ဒါလေးကိုနည်းနည်းပြင်ပေး မယ်ဆိုရင်တော့ အရမ်းအဆင်ပြေသွားမှာပါ”ဟု ပလောင်တိုင်းရင်းသားဒေသခံတစ်ဦးက ပြောသည်။

ယင်းအခမ်းအနားသို့ ဒုတိယသမ္မတ စိုင်းမောက်ခမ်း နှင့် အစိုးရဝန်ကြီးများ၊ဌာနဆိုင်ရာများ၊ ခရိုင်ရှစ်ခရိုင်နှင့်မြို့နယ်(၃၃)မြို့နယ်မှ ဒေသခံတောင်သူများ၊စုစုပေါင်းအင်အားသုံးထောင်ကျော်တက်ရောက်လာ ခဲ့ကြောင်း၊ အခမ်းအနားတွင်ကျေးလက်နှင့် မြို့ပြနေ အခြေခံပြည်သူများအတွက် မိုးသီးနှံ အသေးစားချေး ငွေကျပ်သိန်းပေါင်း(၃၆၈၆၇)သိန်းထုတ်ချေးမည်ဖြစ်ကြောင်း၊ လယ်ထွန်းစက် အပါအဝင် လယ်ယာသုံး စက်ကိရိယာပေါင်း (၁၇၄)စီးနဲ့ အပ်ချုပ်စက်၊ သုံးဘီးဆိုင်ကယ် အပါအ၀င် လုပ်ငန်းသုံးပစ္စည်းကိရိယာ (၂၆)ခုကိုလည်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းတာဝန်ရှိသူထံမှ သိရှိရသည်။

စိုးမင်းနိုင်
The Myanmar Age

No comments:

Post a Comment

My Blog List