Friday, May 09, 2014

တိုင်းရင်းသားတပ်ပေါင်းစုရဲ့စစ်ရုံး KIA နယ်မြေမှာ ဖွင့်ထား


ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ စစ်ရုံးကို KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ဖွင့်ထားပြီလို့ သိရပါ တယ်။ ဖေဖော်ဝါရီလ ကတည်းက ရုံးဖွင့်လှစ်ထားတာဖြစ်ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်း ထိခိုက်မှုရှိမှာ စိုးရိမ်တဲ့အတွက် ဒီသတင်းကို လျှို့ဝှက်ထားတာဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ တွဲဘက်အတွင်းရေးမှူး ၂ ခွန်ဥက္ကာက ကြာသပတေးနေ့မှာ ပြောပါတယ်။

မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေ စစ်ရုံးကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က ဦးဆောင်ကွပ်ကဲနေ ပါတယ်တဲ့။

ဒီလို စစ်ရုံး ဖွင့်လှစ်ရေး အစီအစဉ်ကို UNFC တည်ထောင်တဲ့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက သဘောတူ ခဲ့တာဖြစ်တယ်၊ နောက်ထပ် စစ်ရုံး ၂ ရုံး ထပ်ဖွင့်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သူက  ပြောပါတယ် - ကယားပြည်နယ်မှာ တခု၊ မွန်ပြည်နယ် သို့မဟုတ် ကရင်ပြည်နယ်မှာ တခု ဖြစ်ပါလိမ့်မယ်။

မူရင်းသတင်း
Burma Ethnic Alliance Sets Up ‘Federal Army’ Office
http://www.irrawaddy.org/burma/burma-ethnic-alliance-sets-federal-army-office.html

UNFC မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ပါတယ်။

UNFC ခေါင်းဆောင်တွေနဲ့ နိုဝင်ဘာလကုန်ပိုင်း ရန်ကုန်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ပြည်ထောင်စုတပ်မတော် ထူထောင်ရေး အတွက် UNFC နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

ဧရာဝတီ

No comments:

Post a Comment

My Blog List