ဆရာဒဂုန်တာရာ၏ မေလ(၁၀)ရက်တွင် ကျရောက်မည် (၉၅)နှစ်မြောက်မွေးနေ့၌ အောင်ပန်းမြို့ မြို့နယ် ခန်းမမှာ စာတမ်းဖတ်ပွဲတစ်ရပ်ကိုကျင်းပသွားမည်ဖြစ်ကြောင်း မေ ၆ရက်က MJN ရုံးတွင် ဆရာဒဂုန် တာရာဂူဗိမ္မာန်တည်ဆောက်ရေးကော်မတီဝင်ဦးထွန်းဝင်းငြိမ်းမှပြောသည်။
မေလ(၁၀)ရက်တွင် ကျရောက်မည် ဆရာဒဂုန်တာရာ၏မွေးနေ့၌ စာတမ်း(၁၂)ဆောင်ဖတ်ကြားသွားမည် ယင်း စာတမ်းရှင်များမှာ ဆရာဦးအံ့မောင်၊ဆရာမောင်သာနိုး၊ဆရာမောင်စွမ်းရည်၊ဆရာကိုလေး(အင်းဝ ဂုဏ်ရည်)၊ ဆရာထက်မြတ်၊ဆရာကြည်နိုင်၊ဆရာမောင်နွေထက်၊ဆရာမောင်သာချို၊ဆရာမော်လင်း၊ဦးတင် ဦးလေး၊ ကိုခါး(ကွမ်းခြံကုန်း)၊ဆရာမင်းအိမ်ကျော်တို့က ဖတ်ကြားသွားမည်ဖြစ်သည်။
“ဆရာဒဂုန်တာရာရဲ့မွေးနေ့ကို နှစ်စဉ်ကျင်းပခဲ့တာပါ။အခုတော့ ဆရာကွယ်လွန်သွားပါပြီ၊ ဒါပေမဲ့ မြန်မာ စာပေလောကသားတွေနဲ့နိုင်ငံရေးသမားတွေကလည်း လုပ်ဖို့ပြောတယ်။ မကျင်းပခဲ့တာ တစ်နှစ်ပဲရှိတယ်၊ အဲ့ဒီနှစ်က ၂၀၀၈ နာဂစ်တုန်းကပါ မြန်မာပြည်သူလူထုကြီးခံစားနေရတာကို မြင်ပါလျှက်နဲ့ ငါတို့က မွေးနေ့ကျင်းပနေတာမဖြစ်သင့်ဘူးဆိုပြီးတော့ ဆရာကြီးက မလုပ်ခိုင်းခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ်တော့ လုပ်မယ်။
ဆရာကမွေးနေ့မှာ စာတမ်းဖတ်လေ့ရှိတယ်၊ ဒီတော့ မေလ(၁၀)ရက်နေ့မှာကျရောက်မယ့် ဆရာရဲ့ မွေးနေ့မှာစာတမ်းဖတ်ပွဲလေးကိုလုပ်သွားမယ်။အစက ဆရာရဲ့မွေးနေ့ကို ဆရာအတွက် ဆောက်လုပ်နေ တဲ့ ဂူဗိမ္မာန်မှာလုပ်ဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ ဂူဗိမ္မာန်ကမပြီးသေးလို့ အောင်ပန်းမြို့ကမြို့နယ်ခန်းမမှာပဲ ကျင်းပသွားတော့မှာဖြစ်ပါတယ်”ဟု ဆရာဒဂုန်တာရာဂူဗိမာန်တည်ဆောက်ရေးကော်မတီ ဒုဥက္ကဌ ဆရာထက်မြတ်က ပြောသည်။
ဆရာဒဂုန်တာရာသည် ၁၉၂၉ မေလ (၁၀)ရက်တွင် မွေးဖွားခဲ့ပြီး ၂၀၁၄ သြဂုတ်လ၌ ကွန်လွန် ခဲ့သောကြောင့် ဆရာဒဂုန်တာရာအား ချစ်မြတ်နိုးသူများ၊လေးစားသူများ၊တပည့်များ၊စသည့် ပုဂ္ဂိုလ်များမှ ဆရာဒဂုန်တာရာ၏ အရိုးပြာအား ဂူဗိမာန်တည်ဆောက်သွားရန်ရည်ရွယ်ခဲ့ပြီး ယခုအချိန်တွင်ကောလိပ် ဂျင်နေဝင်း၏ သမီးမသန္နာနေဝင်းမှ တစ်ဦးတည်း အကုန်အချခံတည်ဆောက်ရန် တောင်းဆိုခဲ့သောကြောင့် ဆရာဒဂုန်တာရာ ဇာတိမြေအာင်ပန်းမြို့ရှိ မဲခိုတောင်၌ ဂူဗိမာန်တည်ဆောက်လျှက်ရှိပြီး (၃၀) ရာခိုင်နှုန်းလောက် ပြီးစီးနေပြီ ဖြစ်ကြောင်း ဂူဗိမာန်တည်ဆောက်ရေးကော်မတီဝင်ဦးထွန်းဝင်းငြိမ်း ကဆိုသည်။
၎င်းဂူဗိမာန်အား မေလ(၁၀)ရက်တွင်အပြီးတည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း ဒေသခံအလုပ် သမားများနည်းပါးမှု၊မြေအနေအထားအခက်အခဲများကြောင့် ၂၀၁၅ သြဂုတ်လလောက်မှာသာ အားလုံးပြီး စီးနိုင်တော့မည်ဖြစ်ကြောင်း ယင်းဂူဗိမ္မာန် မေလ(၁၀)ရက်၌ အမှန်တကယ်ပြီးစီးခဲ့ပါက ဆရာဒဂုန်တာရာ ၏မွေးနေ့ကိုလည်းယခုတည်ဆောက်နေသော ဂူဗိမ္မာန်တွင် ကျင်းပသွားရန်ကိုလည်း စီစဉ်ထားခဲ့ကြောင်း ဦးထွန်းဝင်းငြိမ်းမှ ဆက်ပြောသည်။
ချစ်မင်းထွန်း
The Myanmar Age
No comments:
Post a Comment