Wednesday, May 07, 2014

မကွေးမြို့တွင် သတင်းသမားများ ဆန္ဒပြ


သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုနဲ့ မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေ နဲ့ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက မကွေးမြို့မှာ မေ ၇ ရက်  ဒီနေ့ မနက် ၉ နာရီမှာ ရာနဲ့ချီတဲ့ သတင်း သမားတွေနဲ့ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။

မကွေးမြို့ပေါ်မှာ ဒေသခံ ပြည်သူနဲ့ သတင်းထောက် စုစုပေါင်း ၃၀၀ ကျော်တို့က သတင်းသမားတွေကို ဖမ်းဆီး အကျဉ်းချနေတာတွေနဲ့ ပက်သက်လို့ ခုလို ဆန္ဒထုတ်ဖော်ခဲု့ကြတာ ဖြစ်ပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို တနိုင်ငံလုံးက သတင်းသမားတွေအတွက် ကိုယ်စားပြု ကျင်းပကြတာ ဖြစ်ပြီး မကွေးတိုင်းတတိုင်းလုံးက သတင်းသမားတွေအပြင် မန္တလေးနဲ့ ရန်ကုန်က သတင်းသမားတွေလဲ ပါဝင်ကြ တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြရာမှာ ပါဝင်သူတဦးဖြစ်တဲ့ သတင်းထောက် ကိုလွင်မောင်ထက်ကတော့ အများပြည်သူ ၀င်ထွက် သွားလာခွင့်ရှိတဲ့ ပြည်သူပိုင်နေရာမှာ သတင်းသမားအပြင် ကျောင်းသား မိဘကိုပါ ဖမ်းတာကို မကျေနပ်တဲ့
အတွက် လာပြရတာလို့ ပြောပါတယ်။

ဆန္ဒဖော်ထုတ်ဖို့အတွက် သက်ဆိုင်ရာရဲစခန်းမှာ ခွင့်ပြုချက်တင်ထားပေမယ့် မချပေးတဲ့အတွက် ခွင့်ပြုချက် မရဘဲ ဆန္ဒ ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသမားတွေကို လုံခြုံရေးတွေက ရုံးပေါင်းစုံလမ်းအရှေ့မှာ တားဆီးခဲ့လို့ ပိတ်ဆို့တာ မရှိတဲ့လမ်းတွေ ကနေ ကွေ့ပတ်ပြီး မကွေးတိုင်း ပညာရေးမှူးရုံးအထိ ရောက်အောင်သွားပြီး ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးကနေ စတင်ထွက်ခွာခဲ့ကြတာ ဖြစ်ပြီး ဒီဗွီဘီရဲ့ မကွေးမြို့ခံ  သတင်းထောက် ဦးဇော်ဖေကို ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရား နှောင့်ယှက်မှုတွေနဲ့ တရားစွဲခဲ့တဲ့ မကွေးတိုင်း ပညာရေးမှူးရုံးရှေ့အရောက်မှာတော့ သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်မရတာနဲ့ ပတ် သက်ပြီး ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ပါတယ်။

မကွေးတိုင်းမှာ သတင်းလိုက်ရင်း အဖမ်းအဆီခံရပြီး တရားစွဲခံရသူ ဒီဗွီဘီ သတင်းထောက် ဦးဇော်ဖေ အပါအ၀င် ၈ ဦးခန့်ရှိပြီ ဖြစ်ပြီး စာရေးဆရာတွေလည်း စာပေဟောပြောခွင့် ပိတ်ပင်ခံခဲ့ရဖူးပါတယ်။

DVB

No comments:

Post a Comment

My Blog List