Thursday, May 08, 2014

တရားမျှတသော ဥပဒေစိုးမိုးမှုဖြစ်ဖို့အတွက် လွှတ်တော်၌သာ တာဝန်ရှိဟု ဦးကိုကိုကြီးကပြော


တည်ဆဲဥပဒေအား အကြောင်းပြကာ မကြာခဏဆိုသလို သတင်းမီဒီယာ၊လယ်သမားအရေးဆောင်ရွက် သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချ အရေးယူမှုများရှိလာသောကြောင့် တရား မျှတသော ဥပဒေစိုးမိုးမှုဖြစ်ရန်အတွက်လွှတ်တော်မှာသာလျှင် တာဝန်ရှိသည်ဟု (၈၈ ပွင့်လင်းငြိမ်း ချမ်းရေးနှင့် လူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးကပြောသည်။

“တရားဥပဒေစိုးမိုးရေးဆိုတာ အရင်ခဲ့တည်းက ပြောခဲ့တယ်။တရားမျှတတဲ့ ဥပဒေစိုးမိုးဖို့လိုတာ။ အဲ့တော့ မတရားတဲ့ ဖိနှိပ်တဲ့ဥပဒေဆိုလို့ရှိရင် ဒါကိုဖျက်သိမ်းပစ်ဖို့ လွှတ်တော်က တောင်းဆိုရမှာဖြစ်တယ်။ နောက် တရားမျှတတဲ့ ဥပဒေနဲ့ ပြည်သူကိုကာကွယ်ပေးတဲ့ ဥပဒေမျိုးပြဌာန်းနိုင်ဖို့ကိုလည်း လွှတ်တော်က ဆက် လက် ဆောင်ရွက်ရမှာ ဖြစ်တယ်။ အခုဖမ်းဆီးနေမှုတွေနဲ့ပတ်သက်ပြီးတော့လည်း နံပါတ် (၁)အချက် အနေ နဲ့ တည်ဆဲဥပဒေအရ တရားမျှတမှုရှိသလား ဆိုတာကို ကျွန်တော်တို့သတိထားဖို့လိုတယ်။

အဲ့တော့ တရားမျှတမှုမရှိတဲ့ ဥပဒေဆိုလို့ရှိရင် ဖျက်သိမ်းနိုင်ဖို့ကိုလွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့တာဝန် တစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်ပါတယ်”ဟု (၈၈ ကျောင်းသား) ဦးကိုကိုကြီးကပြောသည်။

“တရားမျှတတဲ့ ဥပဒေစိုးမိုးမှု မြန်မာပြည်မှာအမှန်တကယ်လိုအပ်လာပါပြီ၊ ဒါမှ ပြည်သူတွေခံစား နေရတဲ့ ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ရင်ဖွင့်ဖော်ထုတ်လို့ရမယ်။အခုလည်းပညာရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသား ပညာရေးဥပဒေဆိုပြီးတော့ ပြဌာန်းလာပြန်တယ်။ဒီအဖွဲ့ထဲမှာ ဒုသမ္မတပါတယ်။ဒါဟာ တရားသော ဥပဒေနဲ့ အညီဖွဲ့စည်းတာမဟုတ်ဘူး။ မတရားတဲ့ဥပဒေစိုးမိုးမှုနဲ့ ဖွဲ့စည်းထားတာ။ ဒီအမျိုးသားပညာဥပဒေကို ကျွန်တော်တို့ ကန့်ကွက်တယ်။ တရားသော နည်းလမ်းနဲ့ပဲလုပ်ဆောင်စေချင်ပါတယ်”ဟု ဒဂုံကျောင်း သားများ သမဂ္ဂအဖွဲ့မှ အထွေထွေအတွင်းရေးမှူးအဖြစ်ဆောင်ရွက်နေသူ ကိုနန်းလင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် တရားမျှတမှုမရှိသော ဥပဒေပုဒ်မများ ဖြင့် ထောင်ချအရေးယူခံရသော လယ်သမား အရေးလှုပ်ရှားသူ ဦးဝင်းချို၊ဗိုလ်မှူးနေမျိုးဇင်၊DVB သတင်းထောက်ကိုဇော်ဖေ၊ယူနတီဂျာနယ်မှ အယ်ဒီ တာနှင့်သတင်းထောက်များနှင့် ဧပြီ (၂၅)ရက်က ပြည်မြို့၌ခွင့်ပြုချက်မရရှိပဲ ဆန္ဒပြခဲ့သောကြောင့် မဇျွီမသတင်းထောက်ကိုရေခဲကိုလည်း ပုဒ်မ(၁၈)ဖြင့်တရားစွဲအရေးထားတာကိုလည်းတွေ့ရသည်။

တရားမျှတမှုမရှိသော ဥပဒေကို ပယ်ဖျက်ပေးရန်အတွက် သတင်းမီဒီယာများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှား သူများ၊ ပြည်သူများ ၊NGOများ၊အရပ်ဘက်လူ့အဖွဲ့အစည်းများကလည်း ကန့်ကွက်ထားကြောင်းသိရှိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List