Monday, May 05, 2014

"ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာမှ တက္ကသိုလ်ဝင်တန်း တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ ၃ဦးအား ပညာသင်စရိတ် ထောက်ပံ့ပေးမည့် မိုးစက်ဝိုင်"



Miss Universe Myanmar 2013 အလှမယ် မိုးစက်ဝိုင်က ဆိပ္ဖူး တောင် လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာက အခုနှစ် တက္ကသိုလ် ဝင်တန်း တက် ရောက်မယ့်ကျောင်းသား၊ ကျောင်းသူ ၃ဦးကို စကောလားရှစ် အနေနဲ့ ပညာသင်စရိတ် ထောက်ပံ့သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
တက္ကသိုလ်ဝင်တန်းအတွက် ပညာသင်စရိတ်ထောက်ပံ့ဖြစ်ပုံကို မိုးစက်ဝိုင်က “ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေး ဂေဟာက တက္ကသိုလ် ဝင်တန်းတက်မယ့် အမှတ်အများဆုံး ၃ဦးကို ကျောင်းထားပေးမှာပါ။ ဘုန်းဘုန်းကိုတော့ ၃ယောက် ရွေးချယ်ပေးဖို့ ပြောထား ပါတယ်။ 

ဆယ်တန်းကိုပဲ ရွေးချယ်ဖြစ်တဲ့ အဓိက အကြောင်းအရင်းက တော့ ကလေးတစ်ယောက်က တအားငယ်နေရင် ကိုယ့်ကိုယ်ကိုယ် မထိန်း နိုင်တာတွေလည်း ရှိတတ် တယ်လေ။ ဆယ်တန်း ဆိုတာ မြန်မာနိုင်ငံမှာ တအား အရေးကြီးတဲ့ စာမေးပွဲ တစ်ခုပေါ့။ မိုးစက်တို့ ခေတ်တုန်းကဆိုရင် ဘဝကို ဆုံးဖြတ်ပေးတဲ့ စာမေးပွဲကြီး တစ်ခုလိုဖြစ်ခဲ့တယ်။ ဆယ်တန်းက ဘော်ဒါ ဆောင်တွေ လည်းရှိတယ်။ 

မိုးစက် အနေနဲ့ ကလေးတစ်ယောက်ကို အမြဲတမ်း ချည်းသွားမကြည့်နိုင်တဲ့အချိန်မှာ ကိုယ့်ကိုယ်စား ကြည့်ပေးနိုင်တဲ့သူ လုံခြုံမှု၊ ပေးနိုင်မယ့် အဲဒီလို အစစ အရာရာ အဘက်ဘက် က စဉ်းစားပြီး ဆယ်တန်းကိုပဲ ရွေးချယ်လိုက်တာပါ။

ဒီကလေးတွေက သေသေချာချာ ကြိုးစားပြီးတော့ သူတို့ဘဝ အတွက် အထောက် အကူပြုနိုင် မယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် သူတို့သာ အောင်မြင် သွားမယ်ဆိုရင် တခြား ကလေးတွေ အပေါ်မှာလည်း လွှမ်းမိုးနိုင်မယ်။ ငါကြိုးစားရင် ငါ့အတွက် အခွင့်အရေး ဆိုတာ ပေါ်လာနိုင်မယ်။ ဘာအခွင့်အရေး မှန်းမသိပေမယ့် လူဆိုတာ ကြိုးစားဖို့ အဓိကပဲဆိုတာကို မိုးစက် ပြောချင်တာပါ” လို့ ပြောပါတယ်။

ကျောင်းထားပေးမယ့် ဘော်ဒါကို တော့ ရွေးချယ်နေဆဲပဲ ဖြစ်ကြောင်း မိုးစက်ဝိုင်က ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

No comments:

Post a Comment

My Blog List