မြန်မာနိုင်ငံမှာ ထိပ်တန်းအခွန်ဆောင်သူ ၁၀ ဦးထဲလည်းပါပြီး သမ္မတ ဦးသိန်းစိန်ရဲ့ အထူးဂုဏ်ထူးဆောင် ဆုလည်းရတဲ့ ကမ္ဘောဇဘဏ်လီမိတက်ဟာ အခု ၂၀၁၄-၁၅ ခုနှစ်အတွက် ကြိုတင်ခွန် ကျပ် ၂၂ ဘီလီယံ ပေးဆောင်ထားပြီး လာမယ့် ၂၀၁၅ – ၁၆ ခုနှစ်ကျရင် ကျပ်ငွေ ၂၈ ဘီလီယံအထိ တိုးတက်ပေးဆောင်ဖို့ လျာထားတယ်လို့ ဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ပြောပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲမှာ သူက ခုလို ပြော လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ – ၁၄ ခုနှစ်တုန်းကလည်း အခွန် ကျပ်ငွေ ၁၇ ဘီလီ ယံ ပေးဆောင် ထားပါသေးတယ်။
လက်ရှိအချိန် ကမ္ဘောဇဘဏ်ဟာ မတည်ငွေရင်း ကျပ် ဘီလီယံ ၁၁၀၊ သီးသန့်ရံန်ပုံငွေ ဘီလီယံ ၈၀ ကျော် ရှိပြီး Total assets ရရန်ပိုင်ခွင့် ကျပ်ငွေ ၄ ထရီလီယံကျော်အထိ ရှိပြီး ဘဏ်ခွဲပေါင်း ၂၂၀ ကျော် ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
DVB
No comments:
Post a Comment