တစ်နိုင်ငံလုံး သန်းခေါင်စားရင်းကောက်ယူတာ သတ်မှတ်ရက်ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် ကျန်နေရာ တချို့မှာ သန်းခေါင် စာရင်းကောက်ယူ နိုင်တဲ့အခြေအနေ မရှိသေးဘူးလို့ သိရပါတယ်။ကချင်လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ ရှမ်းရွာ ၃၇ ရွာမှာ သန်းခေါင်စာရင်း မကောက်ယူ နိုင်သေးကြောင်းနဲ့ အဲဒီဒေသမှာ လူဦးရေ စုစုပေါင်း သုံးသောင်းကျော် ရှိတယ်လို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
အဲဒီရွာတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေက သတ်မှတ်ထားတဲ့ သန်းခေါင်စာရင်း မကောက်ခံရ နယ်မြေတွေဖြစ် တယ်လို့ ဦး စိုင်းဌေးအောင်က ပြောတဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။
တဆက်တည်းမှာပဲ သန်းခေါင်စာရင်း ကောက်ယူရာမှာ မသန်စွမ်းသူတချို့ကို အချက်အလက် အမှန်အတိုင်း ကောက်ယူမှုမရှိဘူးလို့ မသန်စွမ်း အားကစားသမား အချို့က ပြောပါတယ်။
သန်းခေါင်စာရင်း ကောက်ယူရာမှာ ဥာဏ်ရည်မသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း တဲ့သူတွေကို မသန်စွမ်းစာရင်းအဖြစ် ကောက်ယူရမယ်လို့ သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီက ဆိုပါတယ်။
ဒါပေမယ့် မွေးရာပါ ခြေနှစ်ဖက်ပြတ်ပြီး မသန်းစွမ်းအားကစားသမားဖြစ်တဲ့ ဦးထူးထူးအောင်ကတော့ သန်းကောင်စာရင်း ကောက်ခံသူတွေက သူ့ကို လူကောင်းစာရင်းထဲမှာပဲ ထည့်သွင်းထားကြောင်း သတင်းထောက် ဇော်ဇော်ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံတ၀ှမ်းလုံး သန်းခေါင်စာရင်းကောက်ယူမှုဟာ ၉၉ ရာခိုင်နှုန်းလောက် အောင်မြင်မှုရှိတယ်လို့တော့ ပြည်သူ့ အင်အားဦးစီးဌာနက ထုတ်ပြန်ထားတဲ့အကြောင်း မြစ်မခ သတင်းအရ သိရပါတယ်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ရက်နေ့ ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ် ပါတယ်။
ABC
No comments:
Post a Comment